မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော(၁၂)ကြိမ်မြောက်အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)အားအာဆီယံနိုင်ငံများနှင့် Video Conference စနစ်ဖြင့် ဩဂုတ်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိနေပြည်တော်၊ M-Gallery Hotel၌ကျင်းပလျက်ရှိရာ ၂၇.၈.၂၀၂၅ ရက်နေ့တွင်တတိယအကြိမ်မြောက်အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA)များအားချီးမြှင့်ခဲ့ပါသည်။ အဆိုပါဆုသည် အာဆီယံနိုင်ငံများရှိကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများအရေးဆောင်ရွက်နေသောအစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍရှိအဖွဲ့အစည်းများကိုပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီးအာဆီယံနိုင်ငံများမှ Online ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံမှ အဖွဲ့အစည်းများကလူကိုယ်တိုင်ဖြင့်လည်းကောင်းတက်ရောက်ခဲ့ကြပါသည်။

အဆိုပါဆုပေးပွဲအခမ်းအနားသို့အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးအလှည့်ကျ ဥက္ကဋ္ဌဖြစ်သူလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကအာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆုဆုပေးပွဲသည် မိမိတို့၏ လူမှုအသိုက်အဝန်းအတွင်းထိခိုက်လွယ်အုပ်စုများဖြစ်သောကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများဘဝမြှင့်တင်ရန်အတွက် ဆောင်ရွက်နေသောအဖွဲ့အစည်းများအတွက် ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သည့်အာဆီယံအသိုက်အဝန်းအတွင်းထိခိုက်လွယ်အုပ်စုများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတိုးတက်အားကောင်းစေရေး”“EnhancingResponsive Social Protection for Vulnerable Groups in the ASEAN Community” သည်ထိခိုက်လွယ်အုပ်စုများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကိုပိုမိုဆောင်ရွက်သွားရန် မီးမောင်းထိုးပြနေခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်အတွက်ဆုရရှိသူများသည် မတူညီသောနောက်ခံများရှိကြသော်လည်းအားလုံးမှာတူညီသောရည်မှန်းချက်များရှိပါကြောင်း၊ အာဆီယံအသိုက်အဝန်းကိုယ်စားလူမှုရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက်နေကြသူများအားလုံးကိုကျေးဇူးတင်ရှိပါကြောင်းနှင့် ဆုရရှိသူများအားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းပြောကြားခဲ့ပါသည်။

၎င်းနောက်အာဆီယံအဖွဲ့၏ ဒုတိယအတွင်းရေးမှူးချုပ်ဖြစ်သူဦးစံလွင်ကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ အာဆီယံနိုင်ငံများမှ ဆုရရှိသောအဖွဲ့အစည်းများ၏ အမည်စာရင်းများအားကြေညာခဲ့ပြီးမြန်မာနိုင်ငံမှ ဆုရရှိသူများအားပြည်ထောင်စုဝန်ကြီးကဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ယနေ့ကျင်းပသော (၃)ကြိမ်မြောက်အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆုများကိုအာဆီယံနိုင်ငံ (၈)နိုင်ငံရှိအဖွဲ့အစည်း (၁၆)ခုအားချီးမြှင့်ခဲ့ပြီးမြန်မာနိုင်ငံမှ  AGE Myanmar နှင့် Myanmar Creative University - Myanmar Creative International College (MCU-MCI)တို့ကလက်ခံရရှိခဲ့ပါသည်။ ဆက်လက်၍ (၂၁)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကိုအာဆီယံအလှည့်ကျသဘာပတိလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကဦးဆောင်၍ကျင်းပခဲ့ပါ ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
(၁၃) ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများဂုဏ်ပြုညစာစားပွဲနှင့်ဒုတိယနေ့ အစည်းအဝေးများသို့ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့ဆက်လက်တက်ရောက်လျှက်ရှိ
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား

MOS

DSW

DDM

DOR