အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု  အထိမ်းအမှတ်အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူး၍ (၇.၁၂.၂၀၂၂) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် အမျိုးသမီးကလေးများသင်တန်းကျောင်း (မလိခ) အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးကော်မတီ ဥက္ကဌ၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ သူများ စုစုပေါင်း (၁၅၁) ဦး တက်ရောက်ခဲ့ပါသည်။

     အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးကော်မတီ ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတိုက်ဖျက်ရေး (၁၆) ရက်တာလှုပ်ရှားမှု Video အား ပြသခဲ့ပါသည်။ ဆက်လက်၍  အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုစကားဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ Facilitator အဖြစ် လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာခိုင်က ဆောင်ရွက်ခဲ့ပြီး Speaker များအဖြစ် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ ဥက္ကဌ ဒေါ်ဖြူဖြူစိန်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာမှ အတွင်းရေးမှူး ဒေါ်အေးမာဦး၊ မရမ်းကုန်းခရိုင် ဥပဒေအရာရှိ ဒေါ်ငြိမ်းငြိမ်းအိ၊ မရမ်းကုန်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးညွန့်ဝင်းနှင့် Central ECCD Resource Center မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းမာ တို့က ဆွေးနွေးခဲ့ကြပါသည်။

    အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးကော်မတီ၏ ကြီးကြပ်မှုဖြင့်အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR