မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်၍ မြို့တော်ခန်းမတွင် ၃.၇.၂၀၂၆ ရက်၊ နံနက် ၀၉း၀၀ နာရီ အချိန်မှစ၍ ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား အားစတင် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်မိုးနှင့်အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီး အကဲများ၊ မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မမကြီးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များတက်ရောက်၍ အခမ်းအနားတွင် တိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီဝင် အမျိုးသမီးအဖွဲ့ များက မြန်မာအမျိုးသမီးများနေ့  သီချင်းဖြင့်သီဆိုဖျော်ဖြေခြင်း၊ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ထူးချွန်အမျိုးသမီး(၂၁)ဦးအား ဂုဏ်ပြုဆု ချီးမြှင့်ပေးအပ်ခြင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်‌ရေးဆိုင်ရာ သမိုင်းမှတ်တိုင် Video Clip ပြသခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများသင်တန်းကျောင်း၊ အမျိုးသမီး သက်မွေးအတတ်သင်ပညာသင်ကျောင်းနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အမျိုးသမီးငယ် လေးများ၊ လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု ဧရိပ်မွန်အမျိုးသမီးဂေဟာမှ အမျိုးသမီးငယ်များက ကြွရောက်လာကြသော ဧည့်သည်တော်များအား တေးသရုပ်ဖော်အကပ‌ဒေသာဖြင့် ကပြဖျော်ဖြေ ခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ ဓါတ်ပုံပြခန်းနှင့် သင်တန်းကျောင်းမှ ကျောင်းသူများ၏ အသက်မွေးဝမ်းကြောင်းအခြေခံလက်မှု ပညာပြခန်းတို့အား လှည့်လည်ကြည်ရှုပြီး နံနက် ၁၀း၃၀ တွင် အခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့ပါကြောင်း သတင်းရရှိပါသည်။








 

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ဆပ်ကော်မတီကြီးမှူး၍ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ
ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

MOS

DSW

DDM

DOR