မုန်တိုင်းဘေးအရေးပေါ်တုံ့ပြန်ရေးအတွက်ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(Disaster Management Centre-DMC)နှင့် တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များအချိန်နှင့်တပြေးညီချိတ်ဆက်ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲ(၁)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁)၊ တိုင်းဒေသကြီး/ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်နှင့်  သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်ကအဖွင့်အမှာစကားပြောကြားရာ၌ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့(၁၁:၃၀)နာရီအချိန် ထုတ်ပြန်ချက်အရမုန်တိုင်းငယ်အဆင့်မှအားကောင်းသောမုန်တိုင်းငယ်အဖြစ်ရောက်ရှိနေပြီး (၁၂-၅-၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းထားကြောင်း၊ (၆-၅-၂၀၂၃)နေ့တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ အရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီးအရေးပေါ်ဆောင်ရွက်ရမည့်လုပ်ငန်းများကိုချမှတ်ခဲ့ပါကြောင်း၊ အစည်းအဝေးဆုံးဖြတ်ချက်အရသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC)ကို (၈-၅-၂၀၂၃)နေ့ ညနေ(၃)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ စတင်ဖွင့်လှစ်ခဲ့ပြီးလုပ်ငန်းကော်မတီ(၁၂)ခုမှကိုယ်စားလှယ်များ(၂၄)နာရီတာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ DMC တွင် နေ့စဉ် ညနေ(၃)နာရီ၌ အစည်းအဝေးပြုလုပ်ပြီးဆောင်ရွက်ရမည့်လုပ်ငန်းများကိုဆုံးဖြတ်ကြောင်း၊သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေးအဖွဲ့များနှင့်ညှိနှိုင်းဆောင်ရွက်ကြောင်း၊ နေ့စဉ် DMC ၏ လုပ်ငန်းဆောင်ရွက်ချက်များကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌတို့ထံတင်ပြဆောင်ရွက်ကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)သို့လည်းတင်ပြဆောင်ရွက်ကြောင်း၊ အကြီးအကဲများကလိုအပ်သည့် ဆုံးဖြတ်ချက်များချမှတ်ပေးကြောင်း၊ လုပ်ငန်းများမြန်ဆန်ထိရောက်စွာဆောင်ရွက်နိုင်ကြောင်း၊ DMC အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်သဘာဝဘေးအဖွဲ့များထံမှ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုနောက်ဆုံးအခြေအနေသတင်းအချက်အလက်များကိုရယူ၍ လိုအပ်ချက်များဖြည့်ဆည်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ DMC နှင့် တိုင်းဒေသကြီး/ပြည်နယ်များဆက်သွယ်ရာတွင် သတင်းအချက်အလက်များမြန်ဆန်စွာရရှိရေးအရေးကြီးပါကြောင်း၊ ပြည်ထောင်စုတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနဖွင့်လှစ်ထားရှိသကဲ့သို့ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်းတိုင်းဒေသကြီး/ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနများဖွင့်လှစ်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနများ (၂၄)နာရီချိတ်ဆက်ဆောင်ရွက်နိုင်သည့် ဆက်သွယ်မှုကွန်ယက်ထူထောင်ထားရှိပြီးအချိန်နှင့်တပြေးညီချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကိုမြန်ဆန်ထိရောက်စွာဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေ၊ တည်မြဲအမိန့်(၂၀၂၂)တို့ကိုလည်းရည်ညွှန်းကိုးကားဆောင်ရွက်ရန်လိုကြောင်းဆွေးနွေးပြောကြားပါသည်။

ဆက်လက်၍ (၆-၅-၂၀၂၃)နေ့ကပြုလုပ်သည့် အမျိုးသားကော်မတီအရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်(၁၉)ချက်၊ DMC တွင်ပြုလုပ်သည့် (၈-၅-၂၀၂၃)နေ့ အစည်းအဝေးဆုံးဖြတ်ချက်(၁၅)နှင့် (၉-၅-၂၀၂၃)နေ့အစည်းအဝေးဆုံးဖြတ်ချက်(၁၇)ချက်တို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ချိတ်ဆက်ဆောင်ရွက်လျက် ရှိသည့် အခြေအနေများကိုရှင်းလင်းပြောကြားပါသည်။ ထို့နောက်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC) အတွင်းရေးမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီးစိုးမြင့်အောင်ကရှင်းလင်းတင်ပြရာတွင် DMC တွင်တာဝန် ထမ်းဆောင်လျက်ရှိသည့် လုပ်ငန်းကော်မတီ (၁၂)ခုကိုတိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆက်သွယ်ဆောင်ရွက်ရန် တာဝန်ခွဲဝေထားပါကြောင်း၊ သတင်းအချက်အလက်များကိုသတ်မှတ်ပုံစံများအတိုင်းကောက်ယူဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် ပုံစံသတ်မှတ်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်သည့်နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁)နှင့်တိုင်းဒေသကြီး/ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများကနေပြည်တော်ကောင်စီနှင့်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ရုံးများဖွင့်လှစ်ဆောင်ရွက်နေမှု၊ အရေးပေါ် အစည်းအဝေးများပြုလုပ်မှု၊ ရှာဖွေကယ်ဆယ်ရေးနှင့်လုံခြုံရေးအတွက် ကြိုတင်စီမံထားရှိမှု၊ အရေးပေါ်စားရေရိက္ခာများကြိုတင်စုစည်းထားရှိမှု၊ အရေးပေါ် ထပ်မံဝယ်ယူရန် လိုအပ်မည်ဆိုပါကရရှိနိုင်ရေးဒေသရှိကုန်သည်ကြီးများနှင့် ကြိုတင်ချိတ်ဆက်ထားရှိမှု၊ အရေးပေါ်ခိုလှုံရန်နေရာများကြိုတင်ရွေးချယ်ထားရှိမှု၊ အရေးပေါ်ရွှေ့ပြောင်းရေးစီစဉ်ထားရှိမှု၊ ယာဉ်/စက်ယန္တရားများ၊ စက်သုံးဆီများအသင့် ပြင်ဆင်ထားရှိမှုအခြေအနေများ၊မိမိတိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့် မုန်တိုင်းဘေးမကျရောက်ခဲ့သော်လည်းလိုအပ်ပါကအခြားဘေးသင့်ဒေသများသို့ အင်အားဖြည့်ဆည်းပူးပေါင်းပေးနိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တိုင်းဒေသကြီး/ပြည်နယ်အတွင်းဌာနဆိုင်ရာများအပြင် ကြက်ခြေနီ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံထားရှိမှုအခြေအနေများ၊ ပြန်လည်ထူထောင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးကတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကိုညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီးမုန်တိုင်းလမ်းကြောင်းကျရောက်နိုင်သည့် မြို့နယ်များအလိုက် ပိုမိုအလေးထားကြိုတင်ပြင်ဆင်ထားရှိစေလိုကြောင်းနှင့် ပြည်ထောင်စုအဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနနှင့်တိုင်းဒေသကြီး/ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနများအချိန်နှင့်တစ်ပြေးညီချိတ်ဆက်ညှိနှိုင်းဆောင်ရွက်သွားနိုင်ရေးလမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR