၂၈-၃-၂၀၂၅ရက်ကလှုပ်ခတ်ခဲ့သောမန္တလေးမြေငလျင်ကြီးကြောင့်နေပြည်တော်ကောင်စီနယ်မြေ၊စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်နှင့်ပဲခူးတိုင်းဒေသကြီးတို့တွင်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီးငလျင်ဘေးသင့်ခဲ့သောပြည်သူများအတွက်ပြည်တွင်း/ ပြည်ပစေတနာရှင်၊အလှူရှင်များ၏လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ၊ဆေးဝါးများလှူဒါန်းထောက်ပံ့မှုနှင့်ဘေးသင့်ဒေသများသို့ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကိုအပတ်စဉ် သတင်းထုတ်ပြန်ပေးလျက်ရှိရာ ဇွန်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ အခြေအနေကို ၁၀-၆-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ယခုအခါဇွန်လ၁၁ရက်နေ့မှ ၂၃ရက်နေ့အထိရက်သတ္တပတ်၂ပတ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၊ Singapore Lotus Light Charity Society Singapore BuddhaDhamma Mandala Society နှင့် Love and Care Charity Group ၊ထိုင်းနိုင်ငံရောက်စေတနာရှင်များတို့မှထပ်မံပေးပို့လှူဒါန်းလာသောမိုးကာတဲ၊ Sleeping Bags ၊ စားသောက်ကုန်၊ လူသုံးကုန်နှင့် အိမ်သုံးပစ္စည်းများကို ဘေးသင့်လူဦးရေ အချိုးအစားအပေါ်မူတည်၍ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သို့ ဖြန့်ခွဲပေးပို့ပြီး ဖြစ်ပါသည်။

ငလျင်လှုပ်ခတ်ခဲ့သည့် ၂၈-၃-၂၀၂၅ ရက်နေ့မှ ယနေ့အထိ လှူဒါန်းပစ္စည်းများဖြန့်ခွဲပေးပို့မှုစုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၆၆ စီး၊ စစ်ကိုင်းတိုင်း‌ဒေသကြီးသို့ မော်တော်ယာဉ် ၃၃ စီး၊ ရှမ်းပြည်နယ်တောင်ပိုင်းသို့ မော်တော်ယာဉ် ၁၃ စီး၊ မော်တော်ယာဉ် ၁၁၂ စီးဖြင့် စုစုပေါင်း တန်ချိန် ၂၄၃၅ ခန့်ဖြစ်ပါသည်။

နိုင်ငံတကာအလှူရှင်များက၁၁-၆-၂၀၂၅ရက်နေ့မှ၂၃-၆-၂၀၂၅ရက်နေ့အထိရက်သတ္တပတ်၂ပတ်အတွင်းပေးပို့လှူဒါန်းသည့်ပစ္စည်းများအားဘေးသင့်ပြည်သူများအတွက်ဖြန့်ခွဲပေးပို့နိုင်ရေး  ဆောင်ရွက်ထားရှိမှုကိုပူးတွဲပါဇယားများဖြင့်ဖော်ပြအပ်ပါသည်။

ထပ်မံလှူဒါန်းလာသည့်ပစ္စည်းများရောက်ရှိမှုနှင့်ငလျင်ဘေးသင့်ပြည်သူများထံအမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကို၂ပတ်လျှင်၁ကြိမ်ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။



နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR