ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ Bow ကလစ်နှင့်ပန်းကြယ်သီးပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား ကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ဝန်ကြီးချုပ်၏ဇနီး၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၏ဇနီးများ၊ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဝင်များ၊ သင်တန်းသူများ၊ နည်းပြများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ပဲခူးတိုင်းဒေသကြီး လူမှုဝန် ထမ်းရုံးမှ ဝန်ထမ်းများ၊ မူကြို(၁)၊ မူကြို(၂)မှ ဝန်ထမ်းများ စုစုပေါင်း(၁၂၄) ဦး တက်ရောက်ခဲ့ ကြပါသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုဥက္ကဌ လူမှုရေးရာဝန်ကြီးက အဖွင့်အမှာ စကားပြောကြားပြီး သင်တန်းနည်းပြများအား ဝန်ကြီးချုပ်၏ဇနီးမှ ဉာဏ်ပူဇော်ခနှင့် စားစရိတ်တို့ကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းသူတစ်ဦးမှ သင်တန်းဆင်း ကျေးဇူးတင်စကားပြောကြား၍၊ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းနှင့် တက်ရောက်လာသူများက သင်တန်းသူများ ပြုလုပ်ထားသော Bow ကလစ်နှင့်ပန်းကြယ်သီးများအား လိုက်လံကြည့်ရှုခဲ့ကြပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ အဆိုပါသင်တန်းကို (၂၂.၁၂.၂၀၂၅ မှ ၂၆.၁၂.၂၀၂၅)အထိ (၅)ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ အမျိုးသမီးလူငယ် (၂၅) ဦး တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR