၂၆.၁၂.၂၀၂၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ Bow ကလစ်နှင့်ပန်းကြယ်သီးပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ဝန်ကြီးချုပ်၏ဇနီး၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၏ဇနီးများ၊ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များ၊ သင်တန်းသူများ၊ နည်းပြများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများ၊ မူကြို (၁) ၊ မူကြို (၂) မှ ဝန်ထမ်းများ စုစုပေါင်း (၁၂၄) ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒု-ဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြများအား ဝန်ကြီးချုပ်၏ဇနီးမှ ဉာဏ်ပူဇော်ခနှင့် စားစရိတ်တို့ကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းသူတစ်ဦးမှ သင်တန်းဆင်း ကျေးဇူးတင်စကားပြောကြား၍၊ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းနှင့် တက်ရောက်လာသူများက သင်တန်းသူများ ပြုလုပ်ထားသော Bow ကလစ်နှင့်ပန်းကြယ်သီးများအား လိုက်လံကြည့်ရှုခဲ့ကြပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

အဆိုပါသင်တန်းကို ၂၂.၁၂.၂၀၂၅ ရက်မှ ၂၆.၁၂.၂၀၂၅ ရက်ထိ (၅)ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ အမျိုးသမီးလူငယ် (၂၅) ဦး တက်ရောက်ခဲ့ကြပါသည်။






နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR