လူမှုရေးပင်စင် ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးအစီအစဉ်ကို --၂၀၂ရက်တွင် ပဲခူးမြို့အမှတ်(၁)မူလတန်းကြိုကျောင်းတွင် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ အပါအဝင် ကျား(၄၈)ဦး၊ မ(၁၄)ဦး၊ စုစုပေါင်း(၆၂)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် လူမှုရေးပင်စင်ငွေကြေးထောက်ပံ့ခြင်းကို ဖုန်းဖြင့်ငွေလွှဲထောက်ပံ့မည့် အစီအစဉ်ပြောင်းနိုင်၍ သက်ကြီပုဂ္ဂိုလ်များအား အခက်အခဲမရှိအဆင်ပြေစွာ ငွေကြေးထောက်ပံ့နိုင် ရန် အကျိုးခံစားခွင့်ရှိသည့် သက်ကြီးပုဂ္ဂိုလ်များ၏ အချက်အလက်များအား မှန်ကန်တိကျစွာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှတဆင့် ဦးစီးဌာနသို့ တင်ပြပေးနိုင်ရေး ဆွေးနွေးပြောကြားခဲ့ပြီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုနွယ်ဦးက လူမှုရေးပင်စင် ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ ခံစားခွင့်ရှိသူစာရင်းပေးရာတွင် SMIS စနစ်ဖြင့် ဖြည့်သွင်းရသည့်အတွက်  ဖုန်းနံပါတ်များကို မှန်ကန်စွာ ဖြည့်သွင်းပေးရန်၊ မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်း အချက်အလက်များ နံပါတ်တစ်လုံးလွဲပါက SMIS စနစ်တွင် ခံစားခွင့်ရှိသူလူဦးရေထပ်သည့် မလိုလားအပ်သော စာရင်းရှုပ်ထွေးမှုဖြစ်နိုင်၍ တိကျ မှန်ကန်စွာ ဖြည့်သွင်းပေးနိုင်ပါရန် ပူးပေါင်းဆောင်ရွက်လိုကြောင်းနှင့် အကျိုးခံစားခွင့်ရှိသူ၏ သေဆုံး စာရင်းများကို မြို့နယ်စည်ပင်တွင် ရယူနိုင်သော်လည်း နေရပ်လိပ်စာနှင့် အဘအမည်မပါသည့်အတွက် ခံစားခွင့်ရှိသူမှ မနစ်နာစေရန်နှင့် ရသင့်ရထိုက်သည့်ကာလကို တွက်ချက်ပေး နိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ အုပ်ချုပ်ရေးမှူး၊ စာရေးများမှ ဦးစီးဌာနသို့ ပြန်လည်တင်ပြပေးနိုင်ရေးစသည့် လူမှုရေးပင်စင် ငွေကြေးထောက်ပံ့ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အသိပညာပေး ဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ‌ရွှေသံလွင်ဘိုးဘွားရိပ်သာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာဟောပြောပွဲနှင့် လမ်းကမ်းစာစောင်ဝေငှမှုသတင်း

MOS

DSW

DDM

DOR