လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပသော မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) မူကြမ်း ရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်းနှင့် စပ်လျဉ်းသည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးသည် အဓိကလိုအပ်ပါကြောင်း၊ မသန်စွမ်းသူများကို ထိထိ ရောက်ရောက် ထောက်ပံ့ရန်အတွက် မဟာဗျူဟာ (၅) နှစ်စီမံကိန်းအချောသတ် ရေးဆွဲရမည်ဖြစ်ပါ ကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကိုလည်း (၄.၅.၂၀၂၁) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ဖွဲ့စည်းပေးပြီးဖြစ်ပါကြောင်း၊ မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်း (တတိယမူကြမ်း)ထိ ရောက်ရှိ အောင် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပေးကြခဲ့သည့် မသန်စွမ်းကိုယ်စားလှယ်များ၊ မသန်စွမ်း အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း၊ မဟာဗျူဟာ (၅)နှစ်စီမံကိန်း အချောသတ်ရေးဆွဲ နိုင်ရေးအတွက် ညိှနှိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅) နှစ် စီမံကိန်း (တတိယမူကြမ်း)သည် မသန်စွမ်းသူများအဖွဲ့အစည်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မသန်စွမ်း ကိုယ်စားလှယ်များ၊ INGO များ၊ NGO များ၊ အစိုးရဌာနများ၊ Technical Core Group (TCG) များနှင့် အစည်းအဝေးများ ကျင်းပပြုလုပ်ခဲ့ပြီးမှ ရရှိလာခြင်း ဖြစ်ပါကြောင်း၊ မဟာဗျူဟာ(၅)နှစ် စီမံကိန်း သည် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၏ အခြေခံမူ (၈)ချက် ပေါ် မူတည်၍ ရေးဆွဲထားသည့်အတွက် နိုင်ငံတကာက လက်ခံထားသည့် အခြေခံမူရှိပြီးဖြစ်ပါ ကြောင်း၊ မဟာဗျူဟာ(၅)နှစ်စီမံကိန်းအတည်ပြုပြဋ္ဌာန်းပြီးပါက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း ထည့်သွင်းရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲမှ ညွှန်ကြားရေးမှူး က ရေးဆွဲထားသော မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) နှင့်စပ်လျဉ်း၍ အခန်း (၆) ခန်းဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ လုပ်ငန်းနှင့်အလုပ်အကိုင်၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့် အခြားအရေးပေါ်၊ အလွယ်တကူလက်လှမ်းမီရယူအသုံးပြုနိုင်မှု ကဏ္ဍများအလိုက် ချိတ်ဆက်ထားသည့် ASEAN Enabling Master Plan (2025) ၊ Myanmar Sustatinable Development Plan (MSDP)၊ အင်ချွန်းမဟာဗျူဟာနှင့် ဝန်ကြီးဌာနများမှ ရေးဆွဲပြဋ္ဌာန်းထားသည့် မူဝါဒ၊ မဟာဗျူဟာ၊ စီမံကိန်း များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြပါသည်။  

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) အတည်ပြုပြဋ္ဌာန်းပြီးပါက မသန်စွမ်းသူများ၏ အရည်အချင်းများ၊ စွမ်းဆောင်ရည် များ၊ အခွင့်အရေးများရှိခြင်းကို အသိအမှတ်ပြုပြီး ဖြစ်သည့်အပြင် နိုင်ငံတော်အစိုးရနှင့် မသန်စွမ်းသူ များအား အထောက်အကူပြုစေမည်ဖြစ်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးဖွံဖြိုးမှုအသီးအပွင့်များ ကိုလည်း နိုင်ငံသားများတန်းတူ ခံစားကြရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မသန်စွမ်းသူများဆိုင်ရာအသင်းအဖွဲ့နှင့်အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းအတွက် စိစစ် ဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်း (Standard Operation Procedure – SOP) (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းအဖွဲ့ (Task Force) အဖွဲ့ဝင်များနှင့် အပြီးသတ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရုရှားဖက်ဒရေးရှင်းနိုင်ငံ၊အာရခန်ဂလစ်မြို့၌ဆောင်ရွက်သည့်လုံခြုံစိတ်ချရသောအာတိတ်ဒေသလေ့ကျင့်ခန်းအစီအစဉ်၂၀၂၅နှင့်ဆက်စပ်အလုပ်ရုံဆွေးနွေးပွဲနှင့်ညီလာခံများဆက်လက်တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ အာရခန်ဂလစ်မြို့၌ဆောင်ရွက်သောလုံခြုံစိတ်ချရသောအာတိတ်ဒေသလေ့ကျင့်ခန်း အစီအစဉ် ၂၀၂၅ ဇာတ်တိုက်လေ့ကျင့်မှု တက်ရောက်ခြင်း

MOS

DSW

DDM

DOR