လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းသည်တာဝန်ရှိသူများနှင့်အတူယမန်နေ့ညနေပိုင်းတွင်ရုံးအမှတ် (၂၃)ဝန်းအတွင်းရှိထိန်းသိမ်းမြေဧရိယာတွင်မန္တလေးငလျင်ကြောင့်အိမ်ရာများထိခိုက်ပျက်စီးခဲ့သည့်ဝန်ထမ်းများယာယီနေထိုင်ရန်အတွက်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကခွဲဝေချထားပေးသည့်  Container  House များတွင်နေထိုင်သည့်ဝန်ထမ်းများအားတွေ့ဆုံအားပေးစကားပြောကြားပြီးContainer  House များတွင်နေထိုင်ရာ၌ထုတ်ပြန်ထားရှိသည့်စည်းကမ်းချက်များနှင့်အညီစနစ်တကျနေထိုင်သွားရန်၊ယာယီနေထိုင်စဉ်ကာလအတွင်းမိမိပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ကျန်းမာရေးနှင့်ညီညွတ်စွာစားသောက်နေထိုင်ရန်နှင့်မိသားစုများအချင်းချင်းစည်းလုံးညီညွတ်စွာနေထိုင်ကြရန်တရင်းတနှီးတွေ့ဆုံမှာကြားခဲ့ပါသည်။ထို့နောက်ဝန်ထမ်းအိမ်ထောင်စု (၁၂၃)စုအတွက်တစ်အိမ်ထောင်လျှင် (၁) သိန်းကျပ်နှုန်းနှင့်ဆိုလာမီးအိမ် (၁) လုံးစီအားထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည်ဝန်ထမ်းများနှင့်မိသားစုဝင်များနေထိုင်မှုအခြေအနေ၊ရေအိမ်၊ရေချိုးခန်းများစနစ်တကျဆောင်ရွက်ထားရှိမှု၊လျှပ်စစ်မီးများသွယ်တန်းထားရှိမှု၊စားဖိုဆောင်များစီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများအားလှည့်လည်ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဝန်ထမ်းများယာယီနေထိုင်ရန် Container House နှစ်ခန်းတွဲ (၁၆)လုံး၊တစ်ခန်းတွဲ(၁၀၇)လုံးစုစုပေါင်း (၁၂၃)လုံးတည်ဆောက်ပေးထားပြီးဝန်ထမ်းမိသားစုများစနစ်တကျနှင့်ဘေးအန္တရာယ်ကင်းစွာနေထိုင်နိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR