အာဆီယံမဏ္ဍိုင်(၃)ရပ်အောက်ရှိ ဌာနဆိုင်ရာများမှ အာဆီယံအဆင့်မြင့်အရာရှိကြီးများအား ASEAN Gender Mainstreaming နှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်းဆိုင်ရာ အစည်းအဝေးကိုယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဌ ဒေါက်တာသက်သက်ဇင်၊ ASEAN Sectoral Bodies များနှင့် ကဏ္ဍခွဲအသီးသီးအား Focal Point အဖြစ်တာဝန်ယူဆောင်ရွက်နေသည့် ဌာနဆိုင်ရာများမှညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ASEAN Community Vision 2025 နဲ့အညီလူမှုရေးပြဿနာနှင့်ဘေးဒုက္ခများကိုခံစားနေရသောထိရှလွယ်သည့်အုပ်စုများအတွက် လူမှုရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ INGOsများ၊ NGOs များ၊ CSOs များနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကဏ္ဍရဲ့ကဏ္ဍခွဲတွေဖြစ်တဲ့ အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအဆင့်အစည်းအဝေး၊အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးကော်မရှင်နှင့်အာဆီယံအမျိုးသမီးရေးရာကော်မတီတို့ကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနက Focal Point အဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါ့အပြင်အာဆီယံအမျိုးသမီး၊ ငြိမ်းချမ်းရေးမှတ်ပုံတင်ကဏ္ဍတွင်လည်း မြန်မာနိုင်ငံအနေဖြင့်ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၂၃)ရက်နေ့မှ(၂၄)ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့တဲ့ ACWC and ACW Special Consultation Meeting on ASEAN Gender Mainstreaming Strategic Framework တွင်ဆွေးနွေးချက်များအရအာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်ASEAN Pillar များဖြစ်သောAPSCAEC နှင့် ASCC အောက်ရှိ Sectoral Bodies များမှတာဝန်ရှိသူများအား ASEAN Gender Mainstreaming ဆိုင်ရာအချက်အလက်များသိရှိနိုင်ရေးဆွေးနွေးလိုတဲ့အတွက် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေနဲ့မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ဦးဆောင်မှုဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(NSPAW)(၂၀၁၃-၂၀၂၂)အရ လုပ်ငန်းစဉ်များကိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(NSPAW Phase II)ကိုဆက်လက်၍ ရေးဆွဲရန်အတွက် လုပ်ငန်းအစီအစဉ်များချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်  ဗင်းရှင်းကို ၁၉၉၇ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီးကွန်ဗင်းရှင်းအကောင်အထည်ဖော်ဆောင်ရွက်မှုအစီရင်ခံစာများ ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း၊  အမျိုးသမီးများအကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ တိုင်ကြားနိုင်ရန် Helpline ဖုန်းနံပါတ် 1566ဖြင့်ဝန်ဆောင်မှုပေးလျက်ရှိပြီး ဌာနဆိုင်ရာများတွင် Gender Mainstreaming ဖြစ်စေရေး၊အမျိုးသမီးစွမ်းပကားမြင့်မားစေရေးအတွက် Gender/CEDAW/NSPAW/ UNSCR 1325 အသိပညာပေးသင်တန်းများကိုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါ့အပြင်ကိုဗစ်-၁၉ ကာလအတွင်းကျေးလက်နေအမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းစီမံချက်ကို၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အတွင်း နေပြည်တော်ကောင်စီနှင့် ရခိုင်ပြည်နယ်စီမံချက်ကျေးရွာများတွင် Quick Win Project အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံကဏ္ဍခွဲအသီးသီးမှတာဝန်ရှိသူများအနေဖြင့် မိမိတို့ကဏ္ဍခွဲများအလိုက် လုပ်ငန်းဆောင်ရွက်မှုများတွင် ကျား/မရေးရာအမြင်ဖြင့်  ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အကြံပြုချက်များ၊ အတွေ့အကြုံများအား ဆွေးနွေးအကြံပြုသွားကြဖို့တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ACWC ၏ ကလေးသူငယ်အခွင့်အရေးကိုယ်စားလှယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အာဆီယံကဏ္ဍခွဲများနှင့် Focal Person  အဖြစ်တာဝန်ယူဆောင်ရွက်မှုအခြေအနေများ၊ ASEAN Gender Mainstreaming Strategic Framework-AGMSF ပါအချက်အလက်များကိုရှင်းလင်းဆွေးနွေးခဲ့ပြီး ACWC၏ အမျိုးသမီးအခွင့်အရေးကိုယ်စားလှယ်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဌက မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှဆောင်ရွက်လျက်ရှိသော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် ASEAN Sectoral Bodiesများနှင့် ကဏ္ဍခွဲအသီးသီးအား Focal Point အဖြစ်တာဝန်ယူဆောင်ရွက်နေတဲ့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကဏ္ဍအလိုက်အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၊ ရတနာဒိပ္ပစာသင်တိုက်နှင့် ဝေပုလ္လစာသင်တိုက်တို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု

MOS

DSW

DDM

DOR