တိုင်းဒေသကြီး/ပြည်နယ်အလိုက်ဆောင်ရွက်ခြင်း

 

ကယ်ဆယ်ရှင်းလင်းရေးအနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား (၂၁၈၇)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၄၃၄)ဦးဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊

 

ရေပေးဝေမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ရေသန့်စင်ကား()စီး၊ Mobile Solar စနစ် (၂၀)စုံ တို့ဖြင့် တစ်နေ့တာ ရေပေးဝေသည့်ဂါလံ (၁၉၃၉၃) ဖြင့်ရေပေးဝေလျက်ရှိပြီး စုစုပေါင်းရေပေးဝေခဲ့သည့်ဂါလံမှာ (၁၀၃၆၁၈၆)ဂါလံဆောင်ရွက်လျက်ရှိခြင်း၊

 

ရေသန့်စင်ပုံး Life Straw ဖြန့်ဝေမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၂၁၀)ပုံး ဖြန့်ဝေပေးလျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးရရှိမှုအနေဖြင့် တယ်လီဖုန်းဆက်သွယ်ရေးလွှမ်းခြုံနိုင်မှု ၉၉.၅၁ % ရှိခြင်း၊

 

မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသော အဆောက်အဦပြင်ဆင်ပြီးစီးမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးအတွက် ၆၈ % နှင့် ပညာရေးအတွက် အခြေခံပညာအဆင့်ကျောင်းများ ပြင်ဆင်မှုအနေဖြင့် ၈၃ % ၊ အဆင့်မြင့်ပညာအဆင့်ကျောင်းများပြင်ဆင်မှုအနေဖြင့် ၆၄ % ဆောင်ရွက်ပြီးစီးလျက်ရှိခြင်း၊

ရခိုင်ပြည်နယ်တွင် ရေငန်ဝင်ရောက်ခဲ့သည့်မြေသားရေကန် ဆောင်ရွက်မှုအနေဖြင့် ဆောင်ရွက်ပြီး (၂၃၀)ကန်နှင့်ဆောင်ရွက်ဆဲ (၃)ကန် ပြုပြင်ပြီးစီးခြင်း၊

 

လျှပ်စစ်ဓာတ်အား ပြန်လည်အသုံးပြုနိုင်မှုအနေဖြင့် စစ်တွေမြို့ပေါ်ရပ်ကွက်များ၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များနှင့် ကျောက်တော်မြို့ပေါ်ရပ်ကွက်များ တို့တွင် (၇-၆-၂၀၂၃)ရက်နေ့မှစ၍ ဓာတ်အားစတင်ဖြန့်ဖြူးအား (၁၀၀%) ပြန်လည်အသုံးပြုနိုင်ခြင်း၊

 

ရခိုင်ပြည်နယ်တွင် တပ်မတော်အထူးဆေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် အထူးဆေးအဖွဲ့ ()ဖွဲ့၊ ကူညီကယ်ဆယ်ရေးဆေးအဖွဲ့ (၁၀)ဖွဲ့တို့အားကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်လျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ/တိုက်နယ်ဆေးရုံးများတွင် ပြင်ပလူနာ (၂၄၆၅၁)ဦး၊ ဆေးရုံတက်လူနာ (၁၆၉၉၇)ဦး နှင့် နေ့စဉ်ပျမ်းမျှအတွင်းလူနာ (၁၂၀၀)ကျော် ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင်ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု (၁၁၉၈၁)ဦး၊ အခြားကျန်းမာရေးစောင့်ရှောက်မှု (၂၂၆၇၈)ဦး၊ ရေသန့်ဆေးဖြန့်ဝေမှု (၃၉၃၁၃၀) လုံး၊ ရေတွင်းရေကန်သန့်စင်ခြင်း (၈၂၈)ကြိမ်၊ ကျန်းမာရေးအသိပညာပေးခြင်း (၃၀၉၄)ကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု (၄၆၁၂)ဦး ဆောင်ရွက်လျက်ရှိခြင်း၊

 

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၂၅၂၅)လိပ်/(၁၂၄၃)ထုပ်/(၂၃၇)စ၊ မိုးကာတဲ (၁၄၈၈)လုံး၊ သွပ် (၄၇၆၈၆၁)ချပ်၊ သွပ်သံ (၆၄.၀၁၅)တန်၊ အိမ်ရိုက်သံ (၇၆.၇၅၀)တန်၊ ခေါက်ဆွဲခြောက် (၃၄၈၀၀၄)ထုပ်/(၅၀၉)ကီလို/(၂၇၁၅)ဖာ၊ ဆန် (၇၀၆၂၉)အိတ်/(၅၉၆.၄၆၆)တန်၊ ခေါင်အုပ် (၆၀၁၀)ပေ၊ ချင်းပြည်နယ်တွင် ဆန် (၉၆၀)အိတ်နှင့် သစ်ခွဲသား (၂၃၂၅.၅၁၉)စစ်တွေမြို့သို့ရောက်ရှိပြီး ဆက်လက်တင်ပို့ဆဲ သစ်ခွဲသား(၆၃.၅၀၇)တန်၊ ရန်ကုန်မြို့တွင် အသင့်ရှိ သစ်ခွဲသား (၃၃၉)တန် ပြင်ဆင်ထားရှိခြင်း၊

 

ဘေးဒဏ်ခံစားရမှုအခြေအနေဖြင့်

 

သေဆုံး  -  ၁၄၈ ဦး

 

ဒဏ်ရာရ  -  ၁၃၂ ဦး

 

ထိခိုက်ပျက်စီမှုအခြေအနေဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် -

နေအိမ်ပျက်စီး  -  ၂၇၁၃၃၅ လုံး

 

စာသင်ကျောင်း  -  ၁၆၂၇ လုံး

 

ဘာသာရေး အဆောက်အဦ  -  ၃၅၄၀ လုံး

 

ဆေးရုံ/ဆေးခန်း  -  ၅၀၉ ခု

 

တာဝါတိုင်    ၂၈ တိုင်

 

ဓာတ်တိုင်   ၇၂၄၇ တိုင်

 

တိရစ္ဆာန်သေဆုံး  − ၁၇၇၉၂၃ ကောင်

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း

MOS

DSW

DDM

DOR