လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ ကျေးရွာအုပ်စု (၁) အုပ်စု၊ ရပ်ကွက်(၃)ရပ်ကွက်၌ (၂၄-၇-၂၀၂၅)ရက်နေ့နှင့် (၂၅-၇-၂၀၂၅)ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်ခြေ (၇၈)လုံးအတွက် အိမ် ဆောက်ပစ္စည်းဖိုးငွေ (၁၅,၀၀၀,၀၀၀ိ/-) နှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် လူနေအိမ်ခြေ (၁၆၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈,၂၉၅,၀၀၀ိ/-) စုစုပေါင်းလူဦးရေ  (၁,၀၀၂) ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုးငွေ(၅,၀၁၀,၀၀၀ိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးဘုန်းကြီးကျောင်း (၂) ကျောင်းအ တွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၁၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၈,၄၁၅,၀၀၀ိ/-)၊ ဒဏ်ရာ ရရှိခဲ့သူ (၃)ဦးအတွက် ထောက်ပံ့ငွေ (၁၅၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၈,၅၆၅,၀၀၀ိ/-)နှင့် ပြိုကျပျက်စီးအိမ်ထောင်စု (၇၈) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း( ၁၇) မျိုး စုစုပေါင်း တန်ဖိုးငွေ (၈,၃၉၈,၈၈၄ိ/-) အားလည်းကောင်း (၂၆-၇-၂၀၂၅) ရက်နေ့(၁၂း၀၀)နာရီအချိန်တွင် ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝါရီရူခန်းမ၌ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဌ၊ မွန်ပြည်နယ်အစိုးရ အဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR