ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်ကကျင်းပခဲ့ရာ ဘားအံမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ (၂၅) ဦး တက်ရောက်ခဲ့ကြပြီး ကလေးသူငယ်များ၏အခွင့်အရေးများ၊ မြို့နယ်အတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများမရှိစေရေး ဆောင်ရွက်ထားရှိမှုများ၊ ပူးပေါင်းဆောင်ရွက်ရမည့်အခြေအနေများ၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးက မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ပြုလုပ်ကျင်းပသည့် မြန်မာအမျိူးသမီးများနေ့ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး တက်ရောက်

MOS

DSW

DDM

DOR