လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)၌ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၉:၃၀)နာရီ အချိန်တွင် ကျင်းပခဲ့ပါသည်။

              သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးမှ ညွှန်ကြားရေးမှူး၊ ဦးသန်းစိုးက အဖွင့်အမှာစကားပြောကြားရာတွင် (၃၀--၂၀၁၈)ရက် နေ့တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနကို စတင်ဖွဲ့စည်းခဲ့ရာ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းစဉ်()ရပ်အနက်မှ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးလုပ်ငန်းရပ်ကို စခန်း အခြေပြုပြန်လည်ထူထောင်ရေးလုပ်ငန်း၊ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးလုပ်ငန်း၊ စခန်းနှင့် ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)အနေဖြင့် စခန်းအခြေပြုပြန်လည် ထူထောင်ရေးသင်တန်းများ ဖွင့်လှစ်ခဲ့ရာ ၂၀၁၈ခုနှစ်မှာ သင်တန်းသား(၄၀)ဦး၊ ၂၀၁၉ ခုနှစ်မှာ သင်တန်းသား(၆၀)ဦး၊ ၂၀၂၃ခုနှစ်မှာ သင်တန်းသား(၂၀)ဦး၊ စုစုပေါင်း သင်တန်းသား(၁၂၀)ဦးကို ပြန်လည်ထူထောင်မှုပေးနိုင်ခဲ့ပါကြောင်း၊ ပြန်လည်ထူထောင်မှုခံယူပြီးသော သင်တန်းသားများအား နောက်ဆက်တွဲစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ရန် စေတနာ့ဝန်ထမ်းကြီးကြပ်ရေးမှူးသင်တန်း များ ဖွင့်လှစ်ခဲ့ရာ ၂၀၁၉ ခုနှစ်မှစတင်ပြီး ၂၀၂၄ ခုနှစ်အထိ သင်တန်းသားစုစုပေါင်း(၁၀၀)ဦးကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ မူးယစ်ဆေးသုံးစွဲမိသူများသည် သုံးနေစဉ်ကာလအတွင်း စိတ်ဓာတ်တက်ကြွခြင်း၊ အလွန်အမင်းလန်းဆန်းစေခြင်း၊ စိတ်ကွန့်မြူးလွယ်ခြင်းနှင့် လွတ်လပ် ပေါ့ပါးခြင်း  စတဲ့ခံစားမှုများကို ဖြစ်ပေါ်စေနိုင်သောကြောင့် နှစ်ခြိုက်စွဲလမ်းနေခြင်းဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးသည် ဦးနှောက်ကို မူးယစ်ထုံထိုင်းစေပြီး စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးကိုစွဲလမ်းမှု ဖြစ်စေနိုင်ပါကြောင်း၊ မူးယစ်ဆေးသုံးစွဲသူများအနေဖြင့် မိမိတို့ကိုယ်တိုင် မူးယစ်နွံမှ  ရုန်းထွက်လိုသော်လည်း မူးယစ်ဆေးဖြတ်ပြီးနောက်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ကုသမှုများကိုသာ ဆောင်ရွက်ပြီး စိတ်ပိုင်းဆိုင်ရာကုသမှု မပြုလုပ်သည့်အတွက် ယခင်နေထိုင်ခဲ့သည့် ပတ်ဝန်းကျင် နှင့် ပြန်လည်တွေ့ဆုံပါက ပြန်လည်သုံးစွဲမိသည့် အဆင့်သို့ရောက်ရှိသွားသည်ကို မကြာခဏ တွေ့ရ တတ်ပါကြောင်း၊ ဒါကြောင့် မူးယစ်ဆေးဖြတ်ထားသည့်သူများ၊ မူးယစ်ဆေးဖြတ်လိုသည့် လူငယ် များကိုလည်း မိသားစုက ပစ်ပယ်မထားဘဲ ပြန်လည်ထူထောင်ရေးစခန်းများသို့ ပို့ဆောင်၍ ဆေးကု သမှုခံယူခြင်းများ ဆောင်ရွက်စေခြင်းဖြင့် မူးယစ်ကင်းစင်သည့် လှပသောလူမှုဘဝများကို ပိုင်ဆိုင် နိုင်မှာ အသေအချာပင်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးသုံးစွဲသူများကို ဆင်းရဲချမ်းသာမရွေး ပြန်လည် ထူထောင်မှုခံယူနိုင်ရန်၊  လူမှုအသိုင်းအဝန်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရန်၊ လူ့စွမ်းအား အရင်းအမြစ် ပေါ်မူတည်ပြီး သင့်လျော်သော အလုပ်ပေးကုထုံးနှင့် သက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြား ပေးရန်၊ မူးယစ်ဆေးပြန်လည်သုံးစွဲမှု မရှိစေရေးအတွက် နှစ်သိမ့်ဆွေးနွေးခြင်းများကို အလေးထား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း၊  မူးယစ်ဆေးဝါးပြဿနာကို ကျန်းမာရေးရှုထောင့်မှ သုံးသပ်ပြီး ကုသရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ကြရန် လိုအပ်သလို ပြန်လည်ထူထောင်မှု အပိုင်းများကိုလည်း ယခုထက်ပိုမို၍ ထိရောက်စွာဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ သင်တန်း သို့တက်ရောက်သည့် သင်တန်းသားများမှလည်း သင်တန်းကာလအတွင်း သင်တန်းစည်းကမ်းများ လိုက်နာပြီး ပို့ချသည့်ဘာသာရပ်များအပေါ် တန်ဖိုးထားသင်ယူစေလိုပါကြောင်း၊ သင်တန်းသားများ အနေဖြင့် စိတ်သစ်၊ လူသစ်၊ ဘဝသစ်ဖြင့် ရပ်ရွာအကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုးထမ်းဆောင်နိုင် သည့် သားကောင်းရတနာများဖြစ်အောင် ကြိုးစားသင်ယူသွားကြစေလိုကြောင်း တိုက်တွန်းပြော ကြားခဲ့ပါသည်။

          ဆက်လက်၍ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်စခန်း(ရန်ကုန်)မှ ဒုတိယညွှန် ကြားရေးမှူး ဒေါ်သင်းသင်းညိုက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

           ဆက်လက်ပြီး မူးယစ်ဆေးစွဲကုသရေးဌာန၊စိတ်ကျန်းမာရေးဆေးရုံ(ရွာသာကြီး)မှ တာဝန်ခံ ဆရာဝန်ကြီး၊ ဒေါက်တာနန္ဒမျိုးအောင်ဝမ်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ၊ ဦးစံရှိန်က စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ 

နောက်ဆုံးရသတင်းများ


MOS

DSW

DDM

DOR