အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ၈-၃-၂၀၂၅ ရက်တွင် ကယားပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးများ၊ ဖိတ်ကြားထားသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားအတွက် ချီးမြှင့်ငွေကျပ်(၃၁၀,၀၀ဝိ/-) အား ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ပြည်နယ်ဦးစီးမှူး၊ ဒေါ်စိန်စိန်မော်မှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် ကပြဖျော်ဖြေမည့် အကအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေကျပ် စုစုပေါင်း (၅)သိန်းအား အကအဖွဲ့များကိုယ်စား ကျောင်းသူ(၂)ဦး ကလက်ခံရယူခဲ့ပါသည်။ အခမ်းအနားတွင် လွိုင်ကော်မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက “ထာဝရသစ္စာ” သီချင်းဖြင့်လည်းကောင်း၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူလေးများက “မြန်မာ့ရှုခင်း၊မြန်မာ့စိတ်ရင်း” သီချင်းနှင့် “အပျိုဖြန်း”သီချင်းတို့ဖြင့် လည်းကောင်း၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသူလေးများက “ထာဝရမြန်မာ” သီချင်းဖြင့်လည်းကောင်း၊ လွိုင်ကော်သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်းသူလေးများက “မင်္ဂလာပါ” သီချင်းဖြင့်လည်းကောင်း အသီးအသီး ကပြဖျော်ဖြေခဲ့ကြပြီး အခမ်းအနားအား ညနေ(၁၅:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု

MOS

DSW

DDM

DOR