ကယားပြည်နယ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကို (၂၄-၉-၂၀၂၅) ရက်၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် လွိုင်ကော်မြို့ မူလတန်းကြိုကျောင်းခန်းမ၌ ပြုလုပ်ကျင်းပရာ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီး ဦးအောင်မျိုးသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးက သင်တန်းဆင်းပြီး ECCD လက်မှတ်ရ ဆရာမများအနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ်များကို မှန်ကန်သောပြုစုပျိုးထောင်နည်းတို့ ကို သင်ကြားရရှိထားပြီးဖြစ်ရာ မိမိတို့သက်ဆိုင်ရာနယ်ပယ် အလိုက် ပြည်နယ်အတွင်း ကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းကို ဆောင်ရွက်နိုင်မှာဖြစ်၍ များစွာအကျိုးသက်ရောက်စေမှာဖြစ်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များကို ပြုစုပျိုးထောင်ရာမှာ ကလေးသူငယ်များအား သင်ကြားပေးရသော မူကြိုဆရာမများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ဆရာမတစ်ယောက်မှာ အလိုအပ်ဆုံး အရည်အချင်းသည် ကလေးများကို ဂရုစိုက်တတ်ခြင်းနှင့် ကလေး ငယ်များ၏ အပြုအမူအတိုင်း နားလည်ပေး၍ လိုချင်သည့်အပြုအမူ ဖွံ့ဖြိုးမှုဆီရောက်အောင် စည်းရုံးသင်ကြား သွားရမည်ဖြစ်ကြောင်း စသည်ဖြင့် အမှာစကားပြောကြားပြီး သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။

ထို့နောက် သင်တန်းသူများက မင်္ဂလာပါသီချင်း၊ ခြိမ့်ခြိမ့်သဲသဲသီချင်းနှင့် ကဗျာလွတ် အကဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး သင်တန်းသူ(၁)ဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

သင်တန်းတွင် ဘာသာရပ် (၂၁) မျိုးအား စက်တင်ဘာလ ၁ ရက်မှ ၂၄ ရက်ထိ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR