လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မိုးလေဝသခန့်မှန်းချက်များနှင့်ကြိုတင်သတိပေးချက်များအပေါ်သိမြင်နားလည်မှုစွမ်းဆောင်ရည်မြှင့်တင်ခြင်း (Capacity Building Training for Forecast Translation)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်မိုးဦး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သင်တန်းနည်းပြများ၊ သင်တန်းသား/သူအရာရှိများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကမြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်များအများဆုံးဖြစ်ပေါ်ခံစားရသည့် နိုင်ငံဖြစ်သလိုမိုးရာသီကာလအတွင်း မုန်တိုင်းဘေး၊ လေပြင်းဘေး၊ မိုးကြိုးဘေး၊ ရေကြီးမှုနှင့် ရေကြောင့်ဆက်စပ်ဖြစ်ပွားသည့်သဘာဝဘေးဖြစ်ပွားမှု ပိုများသည်ကိုတွေ့မြင်ကြရမှာဖြစ်ပါကြောင်း၊အဆိုပါဘေးအန္တရာယ်များကြောင့် ထိခိုက်မှုလျော့ပါးသက်သာစေသည့် မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်များကို သိရှိနားလည်သဘောပေါက်ရန် အရေးကြီးပါကြောင်း၊ တိကျသေချာသည့် ကြိုတင်သတိပေးချက်များသည် ဘေးကြောင့်ထိခိုက်ဆုံးရှုံးမှုများကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်ဟုကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) ကပြောကြားထားပါကြောင်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀) အရ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများ၌Global Target (၇)ခု ချမှတ်ဆောင်ရွက်နေကြပြီး ၎င်းထဲမှ ဆန်ဒိုင်းမူဘောင်၏Target G ဖြစ်သည့်Early Warning and Risk Information အရ ၂၀၃၀ ပြည့်နှစ်တွင် ဘေးအန္တရာယ်ပေါင်းစုံအတွက် ကြိုတင်သတိပေးစနစ်များနှင့် ဘေးအန္တရာယ်ဆိုင်ရာသတိပေးအချက်အလက်များ၊ အကဲဖြတ်မှုများကို လူတိုင်းရယူအသုံးချနိုင်ရေး ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့လုပ်ဆောင်သွားနိုင်ရန် ၂၀၂၂ ခုနှစ်၌ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနား၏ ဆောင်ပုဒ်အဖြစ် ကြိုတင်သတိပေး ထုတ်ပြန်ချက် ဆောလျင်ဆောင်ရွက် အားလုံးအတွက် - Early Warning and Early Action For All” ဆို၍ အသိပညာပေးမြှင့်တင်မှု ဆောင်ရွက်ခဲ့တာဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလ၌ ဆိုင်ကလုန်းမုန်တိုင်း မိုခါတုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လေဖိအားနည်းအဆင့်ကတည်းက အလေးထားစောင့်ကြည့်ခဲ့ပြီး ကြိုတင်သတိပေးချက်များကိုတစ်စိုက်မတ်မတ် ထုတ်ပြန်ပေးနိုင်ခဲ့ပြီးအမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်ဦးဆောင်မှုနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (DMC) ကို ဖွင့်လှစ်ခဲ့ပြီး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများနှင့် မုန်တိုင်းကျရောက်ပြီးနောက် အရေးပေါ်တုန့်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကြိုတင်သတိပေးချက်များကိုရှင်းလင်းစွာနားလည်သဘောပေါက်ပြီးလိုအပ်သောစီမံခန့်ခွဲမှုများကိုလုပ်ဆောင်ခြင်းသည် ဝန်ကြီးဌာန၏ မူဝါဒလမ်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်အတွက် အထောက်အပံ့တစ်ခုလည်းဖြစ်စေပါကြောင်း၊တက်ရောက်လာကြသည့် သင်တန်းသား/ သင်တန်းသူများက သင်တန်းတွင်ပို့ချသည့်ဘာသာရပ်ဆိုင်ရာ အခြေခံဗဟုသုတများကို ဂရုတစိုက် လေ့လာကြရန်မှာကြားလိုပါကြောင်း၊ နောင်ကာလများတွင်လည်း သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ကြိုတင်သတိပေးခြင်းလုပ်ငန်းများ၌ ဌာနအချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးတက်လုပ်ဆောင်နိုင်ကြရန် မျှော်လင့်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကသဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ပြင်ဆင်ခြင်းများဆောင်ရွက်နိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အချိန်နှင့်တပြေးညီ သဘာဝဘေးကြိုတင်သတိပေးချက်များထုတ်ပြန်ခြင်းကို ဆောင်ရွက်နေပါကြောင်း၊ ထုတ်ပြန်လိုက်သည့် ကြိုတင်သတိပေးချက်များကို သဘာဝဘေးနှင့်ပတ်သက်ပြီး စီမံခန့်ခွဲသူများ၊ အမှန်တကယ်အသုံးပြုသူများက ကောင်းမွန်စွာနားလည်ပြီး ထိရောက်စွာ တုံ့ပြန်နိုင်ရေးအတွက် အသုံးချနိုင်ရန် အလွန်အရေးပါသည့်အတွက်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့သည် အတူတကွပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

သင်တန်းကို (၂) ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သင်တန်းသားအရာရှိ (၃၁) ဦးတက်ရောက်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR