လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် Gender/CEDAW/NSPAW/AGMSF/ WPSအသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် ကျား၊ မ တန်းတူညီမျှရေး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များဖြစ်၍အရေးကြီးပါကြောင်း၊မြန်မာနိုင်ငံလူဦးရေ၏ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ၏ ပါဝင်မှုနှင့် စွမ်းဆောင်နိုင်မှုများသည်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် အရေးပါသည့် အရင်းအမြစ်တစ်ခုဖြစ်သည့်အတွက်အမျိုးသမီးများ၏ စွမ်းဆောင်ရည်နှင့် အခွင့်အလမ်းများကို မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးတွင် ဆောင်ရွက်နေကြသည့် ကျား၊မတန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်နေသည့် Gender/CEDAW/NSPAW/ AGMSF/ WPS လုပ်ငန်းစဉ်များကို သိရှိစေရန်နှင့် မိမိတို့ဌာနက ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များ၌ ကျား၊ မ ရေးရာကို ထည့်သွင်းစဉ်းစားဆောင်ရွက်လာနိုင်စေရန်နှင့် ဝန်ကြီးဌာန၊အဖွဲ့အစည်းများအကြားအမျိုးသမီးများ၏အခွင့်အရေးများကို ချိတ်ဆက်မှုကောင်းကောင်းဖြင့်  ပိုမိုမြှင့်တင်ဖော်ဆောင်ပေးနိုင်ရန်ရည်ရွယ်၍ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးကအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women)- NSPAW(၂၀၂၃-၂၀၃၂)ကို NSPAW ဦးဆောင်ကော်မတီနှင့်  သက်ဆိုင်ရာလုပ်ငန်းကော်မတီများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဦးဆောင်ကော်မတီတွင် အမျိုးသားစီမံကိန်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးကအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ လုပ်ငန်းနယ်ပယ်(၁၂)ရပ်၏ လုပ်ငန်းကော်မတီအားလုံးတွင် စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့မှ ကိုယ်စားလှယ်များက အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်ပြီး စီမံကိန်းကို ရေးဆွဲခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ကဏ္ဍစုံတွင် ကျား၊ မရေးရာ ထည့်သွင်းစဉ်းစားခြင်း (Gender Mainstreaming) လုပ်ငန်းရပ်များသည် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပြီး ဌာနအားလုံးနှင့်သက်ဆိုင်သည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သောသင်တန်းကရရှိသည့် ဗဟုသုတ၊အသိပညာများကိုသက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ချမှတ်ဆောင်ရွက်လျက်ရှိသည့်မူဝါဒ၊ မဟာဗျူဟာ၊ ပင်မလုပ်ငန်းစဉ်များနှင့် ချိတ်ဆက်ပြီးအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်းအကောင်အထည်ဖော်ရာတွင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းကို အမျိုးသားစီမံကိန်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၅)ခုမှသင်တန်းသား(၁၃)ဦး၊ သင်တန်းသူ (၁၂)ဦး စုစုပေါင်း (၂၅)ဦးဖြင့် (၂)ရက်တာ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါ သည်။

 

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR