၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒုတိယခြောက်လပတ် မန္တလေးတိုင်းဒေသကြီး ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနှင့် လုပ်ငန်းကော်မတီ (၈) ရပ်၏ လုပ်ငန်း ဆောင်ရွက်ချက်များတင်ပြခြင်းနှင့် ညှိနှိုင်းအစည်းအဝေးကို ၂၃-၃-၂၀၂၆ ရက်၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပြီး လုပ်ငန်းကော်မတီများအနေဖြင့် အမှန်တကယ် မြေပြင်တွင်ဖြစ်ပေါ်နေ သော ကလေးအလုပ်သမားများနှင့် လမ်းဆုံမီးပွိုင့်များတွင် တောင်းရမ်းစား သောက်နေသော ကလေးသူငယ်များ လျော့နည်းပပျောက်စေရေးအတွက် တက်ရောက်လာကျသော ကော်မတီ ဝင်များအနေဖြင့် အထူးအလေးပေးဆွေးနွေးသွားရန်နှင့် ထိရောက်စွာ အရေးယူဆောင်ရွက် နိုင်ရေး မြေပြင်တွင်ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ဦးစားပေးဆောင်ရွက်ပေးစေလိုကြောင်းပြောကြားခဲ့ပြီး ကော်မတီ (၈)ခုမှ အတွင်းရေးမှူးများမှ မိမိတို့ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဆက်လက် ဆောင်ရွက်မည့် ရှေ့လမ်းငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသက်လှိုင်ထွန်းက လမ်းပေါ်နေကလေး လျော့နည်းရေး လုပ်ငန်းစီမံချက်ပါ အောင်မြေသာစံမြို့နယ်၊ အမှတ် (၃၈) အခြေခံပညာ အထက်တန်းကျောင်းမှ နေ့ကျောင်းတက် ကျောင်းသူ/သူများနှင့် ညကျောင်းတက် ကျောင်းသား/ကျောင်းသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ရန်ပုံငွေဖြင့်လည်းကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ရန်ပုံငွေတို့ဖြင့်လည်းကောင်း ပညာသင်စရိတ်ထောက်ပံ့ ပေးအပ်နိုင်ခဲ့ကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း အလားတူ ထောက်ပံ့ပေးအပ် နိုင်ရေးအတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ရန်ပုံငွေမှ ခွဲဝေချထားပေးရန် တင်ပြ တောင်းခံထားရှိခဲ့ပြီးဖြစ်ပါကြောင်း၊ တောင်းရမ်းစားသောက်နေသော ကလေးသူငယ်များ အား လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများတွင် အသက်အရွယ်အလိုက် လက်ခံထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ကလေးသူငယ်များအား တောင်းရမ်း စားသောက်ရန် စေခိုင်းသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR