လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းသည် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး နှင့်အတူ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP)၏ တာဝန်ခံညွှန်ကြားရေးမှူး Mr. Paolo Mattei  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC)၌ တွေ့ဆုံခဲ့ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံစဉ်တွင် ပြည်ထောင်စုဝန်ကြီးက ရစ်ခ်တာစကေး (၇.၇) အဆင့်ရှိ ငလျင်ဘေးသင့်ဒေသ များ၏ ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ အာဆီယံနှင့် နိုင်ငံတကာမှ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့များ လာရောက်ကူညီပေးနေမှုအခြေအနေများ၊ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ကူညီ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် နိုင်ငံတကာ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ကူညီပံ့ပိုးပေးစေလိုသောကိစ္စရပ်များ၊ ဆက်လက်ပူးပေါင်း ဆောင်ရွက် ရမည့် အခြေအနေများကို ပြောကြားခဲ့ပါသည်။

ထို့နောက် ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP)၏ တာဝန်ခံညွှန်ကြားရေးမှူး Mr. Paolo Mattei က ငလျင်ဘေးသင့်ဒေသများသို့ သွားရောက်လေ့လာခဲ့မှုအခြအနေများ၊ WFP အနေဖြင့် အစားအစာများ ဖြန့်ဝေဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီ အစဉ်များကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားနာ ရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပခြင်း
နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း က ငလျင်ဘေးသင့်ဝန်ထမ်းများသို့ အလှူငွေ၊ ဆန်၊ ဆီ၊ မုန့်မျိုးစုံ၊ အသုံးအဆောင် ပစ္စည်းများထောက်ပံ့ခြင်းနှင့် အားပေးစကားပြောကြားခြင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းများသို့ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက လှူဒါန်းငွေနှင့် ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း

MOS

DSW

DDM

DOR