အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား (၂၀၂၁ခုနှစ်) ကျင်းပ

နေပြည်တော် မတ် ၈

 

               အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား (၂၀၂၁ ခုနှစ်) ကို  မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ဦးဆောင်၍ ယနေ့ နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ online စနစ်၊ Hybrid ပုံစံဖြင့် ကျင်းပသည်။

               အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် ဒုတိယဝန်ကြီးများ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဇနီးများ၊ မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၏ဇနီးများ၊ သံအမတ် ကြီးများ၊ အမျိုးသမီး ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသမီး ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကော်မတီ အတွင်းရေးမှူးများ နှင့် တာဝန်ရှိသူများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တက်ရောက်ခဲ့ကြသည်။

               ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အဖွင့်မိန့်ခွန်း video message ဖြင့် ပြောကြားရာတွင် "ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၁ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနား ကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာ ခြင်းနဲ့ ပြည့်စုံပါစေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။

               ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်မျှရှိတဲ့ အမျိုးသမီးများဟာ ကမ္ဘာ့နိုင်ငံများရဲ့ အဓိက ကျတဲ့ အင်အားစုကြီးဖြစ်ပြီး အမျိုးသမီးထုကြီးကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးက ၁၉၇၅ ခုနှစ်၊ မတ်လ(၈) ရက်နေ့ကို “ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” အဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ပါတယ်။

               မြန်မာ့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ကိုလိုနီခေတ်လွတ်လပ်ရေး ကြိုးပမ်းမှုကာလ များမှာ အမျိုးသားများနှင့် ရင်ဘောင်တန်း တိုက်ပွဲဝင်ခဲ့ကြတဲ့  အမျိုးသမီးသူရဲကောင်းများစွာ ရှိခဲ့ကြသလို ခေတ်အဆက်ဆက်မှာလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များနဲ့ အသိ ပညာ၊ အတတ်ပညာ၊ အနုပညာဆိုင်ရာ နယ်ပယ်များမှာ ထူးချွန်ထက်မြက်တဲ့ မြန်မာအမျိုး သမီးများပေါ်ထွက်ခဲ့ပါတယ်။

               မြန်မာနိုင်ငံလူဦးရေ ၅၄.၉ သန်းခန့်မှာ အမျိုးသမီးပါဝင်မှုက ၅၂ ရာခိုင်နှုန်းဖြစ်ပါတယ်။ နယ်ပယ်စုံ၊ ကဏ္ဍစုံတွေမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက် မြင့်မားနေပြီး နိုင်ငံတော်ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေမှာလည်း စစ်မှုထမ်း၊ ရဲမှုထမ်း များအဖြစ် အမျိုးသားများနဲ့ ရင်ပေါင်တန်းပြီး တာဝန်ထမ်းဆောင်နေကြတာကို တွေ့မြင်ရမှာဖြစ် ပါတယ်။

               ဒါ့ကြောင့် မြန်မာအမျိုးသမီးများ အပါအဝင် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးထုကို ကိုယ်စားပြုတဲ့အနေနဲ့ နှစ်စဉ် မတ်လ(၈)ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ နေ့အဖြစ် နိုင်ငံတကာမှာ အခမ်းအနားတွေ ကျင်းပတဲ့နည်းတူ ကျွန်တော်တို့နိုင်ငံမှာလည်း မြန်မာ အမျိုးသမီးများရဲ့ အရေးပါတဲ့အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေဖို့ အခုလို နိုင်ငံတော်အဆင့် အခမ်းအနားများ ကျင်းပရခြင်းဖြစ်ပါတယ်။

               မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှာ အမျိုးသမီးတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေ အနေအရပ်ရပ်ကို ဝိုင်းဝန်းဖြေရှင်းပြီး ၎င်းတို့ရဲ့ စွမ်းပကားတွေ မြင့်မားလာစေဖို့အတွက် အမျိုး သမီးအရေးတွေကို နေရာအနှံ့မှာ ဘက်စုံထောင့်စုံကနေ ကြိုးပမ်းလုပ်ဆောင်လျက် ရှိပါတယ်။

               ကျွန်တော်တို့နိုင်ငံမှာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနဲ့ ဒေသဆိုင်ရာ ကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး အမျိုးသမီးများရဲ့ အခန်းကဏ္ဍ တိုးတက်မြင့်မားရလေအောင် ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ရေးဆွဲအကောင် အထည်ဖော်မှု၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဉပဒေ(မူကြမ်း) ရေးဆွဲထားရှိမှု၊ မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan – MSDP)COVID-19 ကြောင့် စီးပွား‌ရေး ထိခိုက်မှုသက်သာရေးစီမံချက် (COVID-19 Economic Relief Plan- CERP) တို့ကို ရေးဆွဲ အကောင်အထည်ဖော်မှုတို့ဟာ မြန်မာအမျိုးသမီးများအတွက် ထိရောက်တဲ့ အထောက်အပံ့ ကောင်းများ ရရှိစေတဲ့ လုပ်ငန်းစဉ်တွေပဲဖြစ်ပါတယ်။

               ထပ်မံရေးဆွဲနေတဲ့ COVID-19 ကပ်ရောဂါအလွန် မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြန်လည် ထူထောင်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးစီမံချက် (Myanmar Economic Recovery and Reform Plan–MERRP) ကဲ့သို့သော နိုင်ငံတော်ရဲ့ စီးပွားရေးကုစားမှုစီမံချက်တွေမှာလည်း ကျား/မရေးရာ တန်းတူညီမျှမှုနှင့် အမျိုးသမီးများစွမ်းပကားမြှင့်တင်မှုရှုထောင့်တို့ကို ပေါင်းစပ်ဆောင်ရွက်သွား ရမှာ ဖြစ်ပါတယ်။

               ကမ္ဘာ့ကုလသမဂ္ဂက ယခု ၂၀၂၁ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ချမှတ်ထားတဲ့ ဉီးတည်ချက်ဆောင်ပုဒ်ကတော့ Women in leadership: Achieving an Equal future in a COVID-19 world (တန်းတူညီမျှတဲ့ အနာဂတ်ဖော်ဆောင်ဖို့ အမျိုးသမီးကဏ္ဍ မြှင့်တင်လို့ COVID-19 တုံ့ပြန်စို့) ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်ပုဒ်နဲ့ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိလုပ်‌ဆောင်မှုများက ကိုက်ညီမှုရှိနေတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။

               ဒါ့အပြင် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ယိုယွင်းပျက်စီးနိမ့်ကျခဲ့ရတဲ့ ကဏ္ဍ ပေါင်းစုံကို ပြန်လည်ထူထောင်နိုင်ရေးမှာ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာကို ဒီဆောင်ပုဒ်က မီးမောင်းထိုးပြလျက် ရှိနေပါတယ်။

               စစ်မှန်တဲ့ တန်းတူညီမျှမှုရှိစေရေးအတွက် အမျိုးသမီးများနဲ့ အမျိုးသမီးငယ်တွေရဲ့ တစ်ဉီးချင်းတန်ဖိုးကို အသိအမှတ်ပြုသလို မိသားစု၊ ရပ်ရွာနဲ့ လူ့အဖွဲ့အစည်းအတွက် ၎င်းတို့ရဲ့ တန်ဖိုးရှိမှုကိုလည်း လေးစားအသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

               ကမ္ဘာ့ကုလသမဂ္ဂပဋိညာဉ်စာတမ်းမှာ လူတိုင်း ကျား/မ မဟူ၊ နိုင်ငံကြီးငယ်မရွေး အခြေခံလူ့အခွင့်အရေးများနဲ့ တန်းတူရည်တူ အခွင့်အရေး ရရှိခြင်းကို အလေးအနက်ဂရုပြုဖို့ ဆိုတာကို ဖော်ပြထားပါတယ်။ ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာ (၁၈)ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုခဲ့တဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းမှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများကိုလည်း ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါတယ်။

               ဒါ့အပြင် ၁၉၉၅ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ စတုတ္ထ အကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးများညီလာခံက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍကြီး (၁၂)ရပ်ပါဝင်တဲ့ ဘေဂျင်းကြေညာချက်စာတမ်း (Beijing Declaration) နဲ့ ဘေဂျင်း လုပ်ငန်းစီမံချက်ကို အတည်ပြုချမှတ်ခဲ့ပါတယ်။

               ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (၁၇) ခုမှာလည်း ကျား/မတန်းတူ ညီမျှမှုရှိစေရေးနှင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်များအားလုံး စွမ်းပကားတိုးမြှင့်စေရေးဆိုတဲ့ အချက်ပါရှိပြီး ဒီအချက်ကို မြန်မာနိုင်ငံအနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေမှာ ချိတ်ဆက်ပြီး လုပ်ဆောင်လျက်ရှိပါတယ်။

               အားလုံးသိကြတဲ့အတိုင်း ဒီနေ့အချိန်ကာလဟာ ကမ္ဘာ့နိုင်ငံများအားလုံး COVID-19 ကပ်ရောဂါဖြစ်ပွားမှုများနဲ့ ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ဒီကပ်ရောဂါကို အံတုရင်ဆိုင်ရင်း ဒီရောဂါဖြစ်ပွားမှုကြောင့် ယိုယွင်းပျက်စီးမှုအားနည်းခဲ့ရတဲ့ ကဏ္ဍပေါင်းစုံ ပြန်လည်ထူထောင်ရေး ကြိုးပမ်းနေကြပါတယ်။ ကျွန်တော်တို့ မြန်မာအမျိုးသမီးများဟာ အမျိုးသားများနဲ့အတူ အင်တိုက်အားတိုက်၊ စိတ်ပါလက်ပါ တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက် နေကြတာကို ဂုဏ်ယူဝမ်းမြောက်ဖွယ် တွေ့မြင်ရတဲ့အတွက် မြန်မာအမျိုးသမီးများကို ချီးကျူး ဂုဏ်ပြုပါကြောင်းနဲ့ လေးစားအသိအမှတ်ပြုပါကြောင်း ပြောကြားလိုပါတယ်။

               တစ်ဆက်တည်းမှာလည်း မြန်မာအမျိုးသမီးများရဲ့ အခွင့်အရေးတွေကို ပိုမိုမြှင့်တင် ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် နိုင်ငံတော်အနေနဲ့ ဘက်ပေါင်းစုံက တတ်နိုင်သရွေ့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူများနဲ့ အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာကဏ္ဍအသီးသီး ကနေ ဝိုင်းဝန်းပူးပေါင်း ‌ဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံပန်ကြားလိုပါတယ်။

               ဒီလိုဆောင်ရွက်ခြင်းအားဖြင့် မြန်မာအမျိုးသမီးများအနေနဲ့ ကျွန်တော်တို့ ရည်မှန်း အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ရာမှာ ပိုမိုပါဝင်ခွင့်ရရှိကြကာ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် ကြီးစွာသောအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

               နိဂုံးချုပ်အားဖြင့် မြန်မာ့လူ့အဖွဲ့အစည်းမှာ အဓိက အင်အားစုကြီးတစ်ခုဖြစ်တဲ့ မြန်မာ အမျိုးသမီးများသည် ခေတ်အဆက်ဆက်မှာ နိုင်ငံနှင့် လူမျိုးအကျိုး သယ်ပိုးဆောင်ရွက်နိုင်ခဲ့ ကြသလို ယနေ့ကာလမှာလည်း COVID-19 ကပ်ရောဂါ အပါအဝင် တွေ့ကြံနေရတဲ့ စိန်ခေါ်မှု များနဲ့ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားရင်း အမျိုးသမီးများရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင် နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

               ကဏ္ဍစုံမှာ အောင်မြင်တဲ့ မြန်မာအမျိုးသမီးများဖြစ်ကြပါစေ။

               အားလုံးကို ကျေးဇူးတင်ပါတယ်။" ဟု အဖွင့်မိန့်ခွန်းကို ပြေားကြားခဲ့ပါသည်။


            ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဉက္ကဋ္ဌ၊  လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင် က အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ၊ ဘေဂျင်းကြေညာစာတမ်းနှင့် ဘေဂျင်းလုပ်ငန်းစီမံချက်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင် အမှတ်()၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ပါ ပြဋ္ဌာန်းချက်များအပေါ် အခြေခံ၍  အမျိုးသမီးအခွင့်အရေးများကို လေးစားခြင်း၊ ကာကွယ်ပေး ခြင်း၊ မြှင့်တင်ပေးခြင်းနှင့် ဖြည့်ဆည်းပေးခြင်းတို့ကို  နိုင်ငံတော်ကဆောင်ရွက်ပေးနေပါကြောင်း၊ မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေ ရေးတို့အတွက် ဦးဆောင်လမ်းညွှန်ဆောင်ရွက်သွားရန် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီကို ၁၉၉၆ ခုနှစ်ကစ၍ နိုင်ငံအဆင့်ယန္တရားအဖြစ် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအပြင် အမျိုးသမီးအရေးကို တက်ကြွစွာဆောင် ရွက်လျက်ရှိသည့် အမျိုးသမီးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကိုလည်း ထည့်သွင်းဖွဲ့စည်း နိုင်ခဲ့ပါကြောင်း၊ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဉီးဆောင်မှုအောက်တွင် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးကော်မတီအနေဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကော်မတီအဆင့်ဆင့်ကို ပြင်ဆင် ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း၊ အမျိုးသမီးအဖွဲ့ အစည်းများအနေဖြင့်လည်း အစိုးရဦးဆောင်သည့် ကော်မတီအတွင်း ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women-NSPAW) (၂၀၁၃-၂၀၂၂)ကို ၂၀၁၃ခုနှစ်တွင် အတည်ပြုချမှတ်ခဲ့ပြီး အဆိုပါစီမံကိန်းကို CEDAW၊ ဘေဂျင်းကြေညာစာတမ်းနှင့် ဘေဂျင်းလုပ်ငန်းစီမံချက်တို့ကို အခြေခံ၍ လုပ်ငန်းဧရိယာ (၁၂)ရပ် ချမှတ်ဆောင်ရွက်ကာ အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်ဆောင်ရေးအတွက် နည်းပညာလုပ်ငန်း အဖွဲ့(၄)ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး သက်ဆိုင်ရာ လုပ်ငန်း အဖွဲ့အလိုက် လုပ်ငန်းအစီအစဉ် (Work Plan) များကိုလည်း နှစ်အလိုက်ရေးဆွဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊  NSPAW Phase II ကိုလည်း ဆက်လက်ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတား ဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique) ပါ ဦးစားပေးကဏ္ဍ ()ရပ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက် ပဋိပက္ခ အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းပြီး ဖြစ်သကဲ့သို့ နိုင်ငံအဆင့် လုပ်ငန်းစီမံချက်ကို အတည်ပြုပြီး အကောင်အထည်ဖော်နိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဥပဒေရေးရာကဏ္ဍအနေဖြင့်လည်း ပြန်လည်ပြင်ဆင်ခြင်းနှင့် အသစ် ပြဋ္ဌာန်းရန် လိုအပ်သည်များကိုလည်း အတည်ပြုပြဋ္ဌာန်းခြင်းများ ဆောင်ရွက်ရန် အရေးကြီးပါ ကြောင်း၊  ထို့ကြောင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများကို ဥပဒေကြောင်းအရ ပိုမို ကာကွယ်ပေးနိုင်ရေးအတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

                    မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို သတင်းပို့ တိုင်ကြားနိုင်ရေးအတွက် (၂၄) နာရီ Help Line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ထူထောင်ပြီး  အကြမ်းဖက်ခံရသူများကို တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်း ကြောင်းစရိတ် ထောက်ပံ့ပေးခြင်း၊ စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးပေးခြင်း၊ လုံခြုံရေးအတွက် နားခိုရာနေရာများစီစဉ်ပေးခြင်း၊  အခြားသောဝန်ဆောင်မှုများ ရရှိနိုင်ရေး ညွှန်းပို့ချိတ်ဆက်ပေး ခြင်းများကို လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူ (Case Manager) (၂၅၀) ဉီးဖြင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အကြမ်းဖက်ခံရသူများကို ပံ့ပိုးပေးမှုအနေဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီး များကို ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ ကယား စသည့် နေရာ ()ခုတွင် One Stop Women Support Center (OSWSC) များ ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုများ ပေးလျက်ရှိပါကြောင်း။

               မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCEDAW) အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ အကောင်အထည်ဖော်မှု များကို UNCEDAW ကော်မတီသို့ အစီရင်ခံစာများကို တင်သွင်းလျက်ရှိရာ  လက်ရှိတွင် မြန်မာ နိုင်ငံ ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာတင်သွင်းနိုင်ရေးအတွက် အစီရင်ခံစာရေးသားရေး ကော်မတီကို ဖွဲ့စည်းထားရှိပြီး အစီရင်ခံစာပြုစုရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအဖြစ် အာဆီယံအမျိုးသမီးကော်မတီ (ACW)နှင့် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင် (ACWC) ၌လည်း နိုင်ငံအဆင့် Focal Point အဖြစ် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊   ထို့ပြင် ASEAN Regional Plan of Action on the Elimination of Violence Against Women-RPA EVAW) နှင့်ပတ်သက်၍ ကာလလတ်ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းစဉ်များတွင် ပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာအမျိုးသမီးထုကြီးတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုံမှန်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ လက်ရှိအချိန် ကိုဗစ်-၁၉ ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အမျိုးသမီးကဏ္ဍကို နောက်ကျန်မနေခဲ့ စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  ကိုဗစ်-၁၉ ကြောင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက် ရေးနှင့် ရရှိပြီးသည့် အောင်မြင်မှုများ ပြန်လည်ဆုတ်ယုတ်မသွားစေရန် ကြိုးပမ်းကာကွယ် သွားရမည် ဖြစ်ပါကြောင်း၊ တန်းတူညီမျှတဲ့ အနာဂတ် ဖော်ဆောင်ဖို့ အမျိုးသမီးကဏ္ဍမြှင့်တင်လို့ COVID-19 တုံ့ပြန်စို့ ဆိုသည့် ဆောင်ပုဒ်အတိုင်း ကိုဗစ်-၁၉  ကပ်ရောဂါမှ ပြန်လည်ထူထောင်ရေး နှင့် ပိုမိုတန်းတူညီမျှသော အနာဂတ်ဖော်ဆောင်ရေးတို့အတွက် အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

                  ယင်းနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့လာသည့် သဝဏ် လွှာကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ဖတ်ကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။


 

 

 

 

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ မြစိမ်းရောင်ကျေးရွာနှင့် နန်းတော်ဦးကျေးရွာတို့၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိ သော လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/‌ရှောင်ရန် အချက်များအား အသိပညာ ပေးမှုသတင်း
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း(မြို့နယ်အဆင့်)အမှတ်စဉ် (၄/၂၀၂၄) ဖွင့်လှစ်မှုသတင်း
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရွှေနံ့သာစျေး၊ ရွှေနံ့သာရပ်ကွက်၊ ငန်းစပ်၊ မောင်းရမ်း၊ သဲကုန်း၊ မင်းကုန်း၊ ကျွဲရှင်း၊ မအူလေးပင်နှင့် ဆည်ကန်ကျေးရွာများတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR