၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်

၁။     အုတ်ဖိုမြို့နယ်၊ ရှမ်း ကုန်းကျေးရွာအုပ်စု၊ အိမ်တိုင်ပုံကျေးရွာ၌ (၂၉-၁-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးမှ ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀ဝ/-) ကျပ်နှင့် ထောက်ပံ့ရေးပစ္စည်း (၂၀)မျိုးပါ (၁) အိမ်ထောင်စာတို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက (၁-၂-၂၀၂၁) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ဘေးဖြစ်ပွားရာ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းကျေးရွာ အုပ်စု၊ အိမ်တိုင်ပုံကျေးရွာ၌ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ရပ်ကျေးစာရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့၍လည်းကောင်း၊


၂။     (၃၀-၁-၂၀၂၁)ရက်နေ့၊ (၀၄:၁၅)နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ၊ နေအိမ် (၅)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၅)စုမှ၊ လူဦးရေ (၂၀)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မီးဘေးသင့်နေအိမ် (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၁၀,၀၀,၀၀၀/-)၊ လူဦးရေ (၂၀)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၄၂,၀၀၀/-) နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၅)အိမ်ထောင်စု စာတို့အား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၃၁-၁-၂၀၂၁)ရက်နေ့ (၁၆:၀၀)နာရီအချိန်၌ သွားရောက် ၍ ထောက်ပံ့ပေးအပ်ခဲ့၍လည်းကောင်း၊

၃။     (၁-၂-၂၀၂၁) ရက်နေ့၌ ဘုရားသုံးဆူမြို့နယ်၊ ဖားပြကျေးရွာအုပ်စု၊ ဆိပ်ဖူးကုန်းရပ်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ ဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၀,၅၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀,၀၀၀၀/-)ကျပ်တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက (၁-၂-၂၀၂၁) ရက်နေ့၊ နံနက် (၁၁:ဝ၀)နာရီ အချိန်တွင် ဖားပြအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက် သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့၍လည်းကောင်း၊

၄။     (၃၀.၁.၂၀၂၁)ရက်နေ့ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပျဉ်ပုံကျေးရွာအုပ်စုနှင့် မကျည်းပင် ကျေးရွာအုပ်စုတို့မှ လေပြင်း ကြောင့် လုံးဝပျက်စီးခဲ့သော နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၂)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂)သိန်း၊ အမိုးလန်အိမ် (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၂၅၀၀၀/-)ကျပ်၊ စုစုပေါင်းလူဦးရေ (၂၆)ဦးအတွက် ဆန်ရိက္ခာဖိုး (၅၄၆၀၀/-)ကျပ်၊ စုစုပေါင်း (၄၇၉၆၀၀/-)ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက (၁.၂.၂၀၂၁) ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့၍လည်းကောင်း၊

၅။     (၂၉-၁-၂၀၂၁)ရက်နေ့၌ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊အမှတ်(၂)ရပ်ကွက်၊ အုန်းတောပိုင်း တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊

ဘေးသင့်လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၄၇၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့အား လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက (၁-၂-၂၀၂၁) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ကမမောင်းမြို့  မြို့အုပ်ချုပ်ရေးမှူး တို့နှင့် အတူ ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


 

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR