လတ်တလော Covid-19 ရောဂါ ကူးစက်မှုများပြားနေသည့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် Onlineဖြင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးအား (..၂၀၂၁)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် လတ်တလော Covid-19 ရောဂါ အဖြစ်များနေသော နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်()မှ ကိုယ်စားလှယ်များက Virtual ဖြင့် တက်ရောက်ခဲ့ကြပါသည်။

      ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောရာတွင် ယခုတစ်ကျော့ပြန်တွေ့ကြုံလာသည့် COVID-19 ရောဂါတတိယလှိုင်းကာလအတွက် COVID-19 ရောဂါအား ကာကွယ်၊ ထိန်းချုပ်၊  တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများတွင် အားဖြည့်ကူညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိသည့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ၏ မြေပြင်ဆောင်ရွက်ပေးနေမှု အခက်အခဲများအား သိရှိနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ပြီး လိုအပ်သည်များ ပံ့ပိုးပေးနိုင်ရန်အတွက် ယခုကဲ့သို့တွေ့ဆုံဆွေးနွေးရခြင်းကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါကို ၂၀၂၀ပြည့်နှစ်၊ မတ်လ တွင်ပထမလှိုင်း၂၀၂၀ခုနှစ်၊ ဩဂုတ်လတွင် ဒုတိယလှိုင်းများကို ရင်ဆိုင် ဖြတ်သန်းခဲ့ပြီး ယခု(၂၆-၅-၂၀၂၁)ရက်နေ့မှာ စတင်ခဲ့သည့် COVID-19 တတိယလှိုင်းကို အောင်မြင်စွာ ရင်ဆိုင်ကျော်ဖြတ်နိုင်ရန်အတွက် အစိုးရနှင့် ပြည်သူလက်တွဲညီစွာ ဆောင်ရွက်နိုင်ရေး နှင့်စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ပြီးခဲ့သည့် (၁၈.၆.၂၀၂၁)ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးတွင် တတိယလှိုင်း ကာလအတွက် မိမိတို့ဌာနအနေဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ၊ မြို့နယ်များအလိုက် စေတနာ့ဝန်ထမ်း Volunteer များကို စုစည်းအသင့်ပြင်ထားနိုင်ရေး၊ ပြည်သူများအား  Mask တပ်ရေး အသိပညာပေးခြင်းနှင့် အခြေခံလူတန်းစားများအတွက် M‌ask များ ထောက်ပံ့ရေးတို့ကို ဆောင်ရွက်သွားရန် ကော်မတီဥက္ကဋ္ဌက လမ်းညွှန်မှုပြုချက်အရ ရပ်ကွက်/ကျေးရွာများမှ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့အစည်းများအပါအဝင် ပြည်သူများ၏ အင်အားကို ရယူကာ ထိရောက်သောနည်းလမ်းများဖြင့် အချိန်မီ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သွား ကြဖို့လိုအပ်သည်ကို သိရှိရသည့်အတွက် ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန် ရပ်ကွက်/ ကျေးရွာပြည်သူ များ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအနေဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်ချက်များအား ရင်းနှီးပွင့်လင်းစွာတင်ပြဆွေးနွေးနိုင်ရေးအတွက် တွေ့ဆုံမှုအစီ အစဉ်ကို ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လည်း COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသော စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ အားလိုအပ်သည့်သင်တန်းများပေးခြင်း၊ ကျန်းမာရေးသုံးအကာအကွယ်ပစ္စည်း များထောက်ပံ့ပေးခြင်းတို့ကို စဉ်ဆက်မပြတ်ပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုလိုအချိန်မှာ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့အစည်းတွေအနေနှင့် ပူးပေါင်းပါဝင်ပြီး တက်တက်ကြွကြွ ဆောင်ရွက်ပေးသည့်အတွက် တစ်ယောက်စီတိုင်းကိုအထူးကျေးဇူးတင်ပါသည် နိုင်ငံတော်နှင့် ဝန်ကြီးဌာနကိုယ်စား‌ပြောကြား လိုပါကြောင်း၊ မိမိတို့ပြည်သူများ၏ အကျိုးကိုအမှန်တကယ် ရှေးရှုပြီး ဝိုင်းဝန်းကူညီဆောင်ရွက် ပေးနေသူများဖြစ်သည့်အတွက် အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း၊  စေတနာ့ဝန်ထမ်းများအနေနဲ့ သံသယရှိ လူနာများအား ဆေးရုံများ၊ Quarantine Center များသို့ ပို့ဆောင်ခြင်း၊ ပြန်လည်ကောင်းမွန်သွားသူများအား နေအိမ်များသို့ပို့ဆောင်ပေးခြင်း၊ သေဆုံးလူနာများအားလည်း ကျန်းမားရေး ဝန်ကြီးဌာနမှ လမ်းညွှန်မှုများအညီ မီးသဂြိုလ်ဆောင်ရွက်ပေးခြင်း၊ PPE ဝတ်စုံများအား  စနစ်တကျဖျက်စီးခြင်းများ၊ ပိုးတွေ့နေရာများအား ထုံးဖြူးခြင်း၊ ပိုးသတ်ဆေးများ ဖြန်းခြင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများ အနေဖြင့် ပူးပေါင်းပါဝင်ပြီး တက်တက်ကြွကြွဆောင်ရွက် ပေးသည့်အတွက် တစ်ယောက်စီ တိုင်းကို အထူးကျေးဇူးတင်ပါကြောင်း  ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက တင်ပြဆွေးနွေးရာ စေတနာ့ဝန်ထမ်းများအနေဖြင့် ပထမလှိုင်းနှင့်ဒုတိယလှိုင်းများတွင်ကူညီပေးခဲ့ပြီး၊ တတိယ လှိုင်းတွင်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားစေလိုပါကြောင်း၊ ကမ္ဘာနိုင်ငံအသီးသီးတွင်  COVID-19 ရဲ့ အသွင်ပြောင်း ဗီဇပိုးအဖြစ် တွေ့ရှိရပါသဖြင့် မြန်မာနိုင်ငံတွင်လည်း ၎င်းရောဂါပိုးအား ကာကွယ်ရန် အမျိုးသားရေးအသွင်ဖြင့်  ဆောင်ရွက်သင့်ပါကြောင်း၊ COVID-19 ၏ ပထမလှိုင်းနှင့် ဒုတိယလှိုင်းများတွင် ပိုးတွေ့ရာခိုင်နှုန်းမှာ (၁၃.၁၆%) တွေ့ရှိရပြီး ယခုတတိယလှိုင်းတွင် (၁၈%) တွေ့ရှိရပါကြောင်း၊ တစ်နိုင်ငံလုံးအမျိုးသားရေး စိတ်ဓာတ်ဖြင့် ပူးပေါင်းကာကွယ်သွားရန် လိုအပ်ပါကြောင်း၊ ပရဟိတအဖွဲ့အစည်းများ မှာ၂၀၁၄ခုနှစ် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ဖွဲ့စည်းထားသော အဖွဲ့အစည်းများဖြစ်ပြီး နယ်ပယ်ကဏ္ဍ မတူညီသော်လည်း တူညီသော စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများမှာ  ကိုယ်ကျိုးဆန္ဒအား စွန့်လွှတ်၍ တိုင်းပြည်နှင့်ပြည်သူအကျိုးအတွက် ဆောင်ရွက်ပေးနိုင်ရန်ဆန္ဒဖြင့် ကူညီပံ့ပိုး နေခြင်းဖြစ်ပါကြောင်း၊ ယခုလို ရောဂါကပ်ဘေးကြုံတွေ့နေချိန်များတွင် ပါဝင်ကူညီဆောင်ရွက် ပေးနေသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအတွင်း၌ ဖြစ်ပေါ်နေသော COVID -19 ရောဂါမှာ ကာလအချိန် ခန့်မှန်း၍ မရနိုင်ပါကြောင်း၊ သို့ပါ၍ ရှေ့လုပ်ငန်းစဉ်များအနေဖြင့် ပညာပေးလုပ်ငန်းစဉ်များ အားဖြည့်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ()ရပ်တွင် ပါဝင်သည့်အတိုင်း လတ်တလောဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သော ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံး ကုစားသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အစိုးရနှင့် ပရဟိတ/စေတနာ့ ဝန်ထမ်းများ ပူးပေါင်းသုံးသပ်ဖြေရှင်းပြီး ရှေ့လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာကြသော နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ လူမှုဝန်ထမ်းဦးစီးမှူးများ၊ စေတနာ့ဝန်ထမ်းများ/ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မိမိတို့လုပ်ဆောင်နေသော နယ်ပယ်ကဏ္ဍအသီးသီးတွင် လုပ်ဆောင်နေမှု များ၊ အားသာချက်/အားနည်းချက်များနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြပါ သည်။

နိဂုံးချုပ်အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက ယခုတက်ရောက်လာကြာသော စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့အစည်းများ၏ အားသာချက်၊ အားနည်းချက်၊ လိုအပ်ချက်များကို သက်ဆိုင်ရာများသို့ ဆက်လက်တင်ပြ၍ ဖြေရှင်းဆောင်ရွက်ရန် ညှိနှိုင်းပေးမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာသူ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR