လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ဘားအံ)၌ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းအမှတ်စဉ်(၁/၂၀၂) ဖွင့်ပွဲအခမ်းအနားကို သင်တန်းသား(၂၀)ဦးဖြင့် နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။  

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က  ယနေ့ကမ္ဘာမှာ သဘာဝဘေးအန္တရာယ်များဖြစ်တဲ့ ရေဘေး၊ မီးဘေး၊ မုန်တိုင်းဘေး၊ ရောဂါဘေးနှင့် လူလုပ်သည့်စစ်ဘေးများကို နိုင်ငံအချို့မှာ ရင်ဆိုင်နေကြရပြီး ကဏ္ဍ ပေါင်းစုံဖွံ့ဖြိုးမှုများကို ထိခိုက်ပျက်စီးလျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေနှင့် မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်ပြီး လုပ်ငန်းစဉ် များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးဆောင် သည့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကို‌ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့နှင့် လုပ်ငန်းကော်မတီ(၁၀)ဖွဲ့ကို ဖွဲ့စည်းထားပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနက တစ်နိုင်ငံလုံးမှာ ပြန်လည်ထူထောင်ရေးစခန်း (၁၄)ခု ဖွင့်လှစ်ထားရှိပြီး စခန်းအခြေပြုသင်တန်းများ၊ ရပ်ရွာအခြေပြုသင်တန်းများ ဖွင့်လှစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲသူပပျောက်ရေး လူမှုအသိုင်းအဝန်းအတွင်း ပြန်လည်ဝင်ဆံပေါင်းစည်းနိုင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ် ရေးမှူးသင်တန်းသည် ပြန်လည်ထူထောင်ရေးစနစ်၏ အရေးပါသည့် ချိတ်ဆက်မှုတစ်ခု ဖြစ်ပါ ကြောင်း၊ ယခုသင်တန်းကို တက်ရောက်ကြမယ့် စေတနာ့ဝန်ထမ်းများရဲ့ အခန်းကဏ္ဍသည် အလွန် အရေးပါကြောင်း၊ ဒါ့အပြင် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများသည် မူးယစ်ဆေးစွဲသူများကို ဖော်ထုတ်ရာမှာ ပထမဆုံးအဆက်အသွယ်ဖြစ်ပြီး ကုသရေးလမ်းကြောင်းဆီသို့ ညွှန်ပြနိုင်သူများ ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးပြန်လည်ထူထောင်ပြီးသူများကို နောက်ဆက်တွဲစောင့်ရှောက်မှု ပေးရာမှာ မိသားစုနှင့်ရပ်ရွာအသိုင်းအဝိုင်းအကြား တံတားသဖွယ်  ပေါင်းကူးဆောင်ရွက်ပေးနိုင်သူများ ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက်များကို နားလည်သဘောပေါက်ပြီး ရပ်ရွာအတွင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် နိုင်သူများဖြစ်ပါကြောင်း၊ ဒါကြောင့် သင်တန်းသား/သူများအနေနဲ့ မိမိတို့ရဲ့ အားထုတ်မှုသည် ဆေးစွဲသူ တစ်ဦး၏ဘဝကို ပြန်လည်ထူထောင်ရာမှာ အဓိကသော့ချက်တစ်ခုအဖြစ် သတိပြုမှတ်ယူပြီး သင်ကြားပို့ချမည့် ဥပဒေရေးရာ၊ စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှု၊ လူမှုရေးပြန်လည်ထူထောင်ရေး နည်းလမ်းများကို ဂရုတစိုက်လေ့လာသင်ယူကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများအဖြစ် ဆောင်ရွက်ကြမည့် သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိ သည့် အသိပညာများဖြင့်  မူးယစ်ဆေးစွဲသူများကို စာနာ၊ နားလည် ဖေးမကူညီရင်း ကရင်ပြည်နယ် အတွင်း မူးယစ်ဆေးဝါးကင်းစင်ရေး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးကြ စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ဘားအံ)မှ ဦးစီးအရာရှိက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ကရင်ပြည်နယ် ဦးစီးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အရပ်ဖက်/မိတ်ဖက် အဖွဲ့အစည်း များ၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ဘားအံ)မှ အရာထမ်း/အမှုထမ်းများ၊ သင်တန်းသား/သူများ စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၏ ကြီးကြပ်မှုအောက်ရှိ ဌာနငယ်၊သင်တန်းကျောင်းများသို့ တိုင်းဦးစီးမှူးကွင်းဆင်းဆောင်ရွက်

MOS

DSW

DDM

DOR