အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ကျင်းပရာအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးညိုစောတက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ဒုတိယဥက္ကဋ္ဌများနှင့် ကော်မတီဝင်များဖြစ်ကြသည့်ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီးပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များကဗီဒီယိုကွန်ဖရင့်ဖြင့်တက်ရောက်ကြသည်။

ဦးစွာဒုတိယသမ္မတဦးညိုစော က အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးကိုကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်မှာမြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက်အဓိကတာဝန်ယူဆောင်ရွက်နေသည့်အမျိုးသားကော်မတီအနေဖြင့်ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များနှင့်ယခင်ဖြစ်ပွားခဲ့သည့်သဘာဝဘေးအန္တရာယ်များကြောင့်ပျက်စီးဆုံးရှုံးမှုများကိုပြန်လည်ထူထောင်ရေးကိစ္စရပ်များဆောင်ရွက်ပြီးစီးမှုနှင့်ကြုံတွေ့လာနိုင်ခြေရှိသည့်သဘာဝဘေးများအတွက်ဝန်ကြီးဌာနများနှင့်နေပြည်တော်အပါအဝင်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်ဆောင်ရွက်ထားသည့်ကြိုတင်ပြင်ဆင်မှု၊ကြိုတင်ကာကွယ်မှု၊ဘေးအန္တရာယ်ဖြစ်လာပါကတုံ့ပြန်ဆောင်ရွက်နိုင်ရေးအဆင်သင့်ဖြစ်အောင်စီမံထားရှိမှုများကိုသိရှိရန်နှင့်ပေါင်းစပ်ညှိနှိုင်းဆောက်ရွက်ပေးနိုင်ရန်အတွက်ဖြစ်ကြောင်း။

ယခုကာလသည်မုတ်သုံကာလကိုရောက်ရှိလာပြီဖြစ်သည့်အတွက်မုတ်သုံကာလအတွင်းဖြစ်ပေါ်လေ့ရှိသည့်မုန်တိုင်း၊မြစ်ရေကြီးခြင်းအပါအဝင်နောက်ဆက်တွဲဘေးအန္တရာယ်များကိုဒေသအလိုက်သတိပြု၍ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကိုအလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊မိုးလေဝသဆိုင်ရာခန့်မှန်းချက်၊ကြိုတင်သတိပေးချက်များကိုမျက်ခြေမပြတ်ဂရုတစိုက်သိရှိစေရန်လည်းလိုအပ်ကြောင်း၊ယခုကာလအတွင်းမြန်မာနိုင်ငံအလယ်ပိုင်းရှိဒေသအချို့တွင် အပူချိန်များလာပြီးအယ်နီညိုဖြစ်နိုင်ခြေကိုလည်းတွေ့ရှိရကြောင်း၊ တစ်ဖက်တွင်လည်းငလျင်ဘေးအန္တရာယ်ကိုအထူးသတိပြုရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီးကြိုတင်ပြင်ဆင်ခြင်း၊ကြိုတင်ကာကွယ်ခြင်းများကိုစနစ်တကျစီမံဆောင်ရွက်ထားခြင်းအားဖြင့်ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများကိုအတိုင်းအတာတစ်ခုထိလျော့နည်းစေနိုင်ရုံမျှမကတုံ့ပြန်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်သုံးစွဲရမည့်စရိတ်များကိုလည်းနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်ပိုမိုအသုံးပြုနိုင်မည်ဖြစ်ကြောင်း။

ထို့ပြင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးအတွက်ဝန်ကြီးဌာနများအလိုက်၊နေပြည်တော်အပါအဝင်တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်ကြိုတင်ပြင်ဆင်မှုများကဏ္ဍအလိုက်ဆောင်ရွက်ကြရန်လိုကြောင်း၊ဖြစ်ပွားလာနိုင်သည့်ဘေးအန္တရာယ်နှင့်ပတ်သက်ပြီးလူ/တိရစ္ဆာန်ပြောင်းရွှေ့ရေး၊ယာယီနေရာချထားရေး၊အရေးပေါ်ကယ်ဆယ်ထောက်ပံ့ရေး၊လုံခြုံရေး၊စိုက်ပျိုးရေး၊မွေးမြူရေးအပါအဝင်ထိခိုက်နိုင်သည့်အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအတွက်ပြန်လည်ကုစားမည့်အစီအမံများနှင့်ဒေသအလိုက်တည်ရှိနေသည့်ဆည်မြောင်းတာတမံများကြံ့ခိုင်မှုထိန်းသိမ်းရေး၊ပညာရေး၊ကျန်းမာရေးဆိုင်ရာများလုပ်ငန်းလည်ပတ်မှုမပြတ်တောက်စေရန်အစီအမံများကိုကဏ္ဍစုံတွင်ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်းပြောကြားသည်။

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေနှင့် ဒေါက်တာစိုးဝင်းတို့ကသဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါအချိန်မီတုံ့ပြန်နိုင်ရေးအတွက် လူမှုကယ်ဆယ်ရှာဖွေရေးအဖွဲ့များ၊ ဘေးဒဏ်ခံခိုလှုံရေးအဆောက်အဦနှင့် ကယ်ဆယ်ရေးစခန်းများကြိုတင်စုဖွဲ့ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ကူညီကယ်ဆယ်ရေးနှင့် သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရန်ပုံငွေလျာထားဆောင်ရွက်ထားရှိမှု၊သဘာဝဘေးအသိပညာပေးလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့်ကူညီကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများသိုလှောင်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသူများကဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက်ကဏ္ဍများအလိုက် ထိခိုက်ဆုံးရှံးမှုလျော့နည်းစေရေးနှင့်အချိန်နှင့်တစ်ပြေးညီတုံံ့ပြန်နိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဒုတိယသမ္မတကရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီးနိဂုံးချုပ်အမှာစကားပြောကြားကာအစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။  (သတင်းစဉ်)

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း

MOS

DSW

DDM

DOR