လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဉပဒေ၊ ပုဒ်မ - ၈၉ အရ ကလေးသူငယ်များကို လက်ခံစောင့်ရှောက်ထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့်အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် သွားရောက်ကြည့်ရှုခဲ့ပါသည်။

ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်ရှိငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ ရောက်ရှိရာကျောင်းအုပ်မှကျောင်း၏လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ကျောင်းသားအိပ်ဆောင်များ၊ ကျောင်းပြင်ပပညာရေးသင်ကြားပေးနေမှု နှင့် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးနေမှုများ၊ ကျောင်းစာကြည့်တိုက်၊ ဆေးပေးခန်း၊ မီးဖိုဆောင် နှင့် ကျောင်းတွင်းစိုက်ခင်းများကို လိုက်လံရှင်းလင်းပြသခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တွံတေးမြို့နယ်ရှိ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်ရာ ကျောင်းအုပ်မှ ကျောင်း၏လုပ်ငန်းဆောင်ရွက်များကို ရှင်းလင်းတင်ပြပြီး ကျောင်းသူအဆောင်များ၊ ကျောင်းပြင်ပပညာရေးသင်ကြားနေမှုနှင့် စက်ချုပ်သင်တန်း၊ ချည်ထိုး လက်မှုသင်တန်းများကို လိုက်လံပြသခဲ့ပါသည်။

ဒုတိယဝန်ကြီးက သင်တန်းကျောင်းနှစ်ကျောင်းတွင် လက်ခံစောင့်ရှောက်ထားသော ကလေးများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ သင်တန်းကျောင်းတွင် သင်ယူရသည့် သက်မွေးပညာများကို ကျွမ်းကျင်တတ်မြောက်သည်အထိ သင်ယူသွားရန်၊ မိမိတို့ရပ်ရွာသို့ ပြန်လည်ရောက်ရှိပါက တတ်မြောက်သွားသည့် သက်မွေးပညာများကို လက်တွေ့အသုံးချရန်၊ လူငယ်လူရွယ်များဖြစ်သည့်အတွက် ယခင်အမှားကို သင်ခန်းစာယူ၍ နောက်နောင်တွင် တိုင်းပြည်မှ အားကိုးရသည့် လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြရန်ဆုံးမစကားပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR