နိုင်ငံတစ်ဝန်းလုံးရှိ လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှု လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ Nationwide Case Management Supervision Unit (NCMSU) ၏  လုပ်ငန်းများသုံးသပ်ညှိနှိုင်း ရေးအစည်းအဝေးအား ယနေ့ နေ့လယ်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီး၊ ပြည်နယ်များမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး တို့မှ Virtual ဖြင့် တက်ရောက်ခဲ့ကြပါ သည်။

ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောရာတွင် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုမှာ လူတစ်ဦး တစ်ယောက်ချင်းစီအား ဝန်ဆောင်မှုပေးရသော လုပ်ငန်းဖြစ်ပါကြောင်း၊ လူမှုရေးရာ ဖြစ်သည့်အားလျော်စွာ ကျယ်ပြန့်သောကဏ္ဍအလိုက် ဝန်ဆောင်မှုများအတွက် စိန်ခေါ်မှုများ ရှိနေပါကြောင်း၊ အခက်အခဲတွေဖြေရှင်းပေးနေရတဲ့အတွက် လုပ်ဆောင်မှုများအားကောင်းရန် လိုအပ်ပါကြောင်း၊ ဒါ့အပြင် တစ်နိုင်လုံးကို ဖြန့်ကျက်လွှမ်းခြုံနိုင်မှုရှိစေရန် Case Manager များ အများကြီး ဆက်လက်မွေးထုတ်ရန်လိုအပ်ပါကြောင်း၊ ဦးစီးဌာနအနေဖြင့်လည်း ဖြစ်ရပ်စီမံခန့်ခွဲသူများအား လိုအပ်သည့်ပံ့ပိုးမှုများ လုပ်ပေးရမှာ ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် ဥပဒေနှင့်ရင်ဆိုင်ရသော ဖြစ်ရပ်များအတွက် ကုန်ကျစရိတ်များ ရှိနေနိုင်ပါကြောင်း၊ သွားလာရေးအပြင်၊ ဖုန်းဖြင့် ချိတ်ဆက်ရသည့် ဖြစ်ရပ်များအတွက်ကုန်ကျနိုင်ပါကြောင်း၊ လူမှုရေးအခက်အခဲကြုံတွေ့သူများ အားအကူအညီ အကာအကွယ်ရရှိနိုင်စေရန်အတွက် Case Manager များများမွေးထုတ်ရန်နှင့် Case Manager များအတွက် အလုပ်လုပ်ရန်  Budget များရှိဖို့လိုပါကြောင်း၊  ယနေ့အစည်းအဝေးသည် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသော လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်အတွက် နိုင်ငံတစ်ဝန်းလုံး ရှိ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ (Nationwide Case Management Supervision Unit-NCMSU) နှင့် ချိတ်ဆက်ဆောင်ရွက်မှု အားကောင်း စေရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တာဝန်ရှိသူများနှင့် ပြုလုပ်တဲ့ အစည်းအဝေး ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှု စနစ်လူမှုရေးဆိုင်ရာ ပြဿနာများ ဖြေရှင်းရာတွင် စနစ်တကျလေ့ကျင့် ပေးထားသော လူမှုဝန်ထမ်းသမားများ၏ အကူအညီဖြင့် ရပ်ရွာအတွင်းရှိ အရင်းအမြစ်များနှင့် ဝန်ဆောင်မှု များကိုအသုံးပြု၍ စီမံခန့်ခွဲ နေခြင်း ဖြစ်ပါကြောင်း၊ ဖြစ်ရပ်စီမံခန့်ခွဲသူများ အနေဖြင့်လည်း လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်ရာမှာ ပိုမို စနစ်တကျဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး စံလုပ်ငန်းလမ်းညွှန်ကို (၂၀၁၅) ခုနှစ်တွင် ပထမအကြိမ်အဖြစ် လည်းကောင်း၊ (၂၀၁၉)ခုနှစ်တွင် ကလေးသူငယ် ကိစ္စရပ်များ သာမက ကျား/မ အခြေပြုအကြမ်းဖက် ဖြစ်ရပ်များကိုပါ ကိုင်တွယ် ဖြေရှင်း ဆောင်ရွက်ရန် လုပ်ငန်း လမ်းညွှန်ကို ပြင်ဆင်ဖြန့်ဝေခဲ့ပါကြောင်း၊ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုဖြစ်စဉ် အားကောင်းစေရန် အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆက်စပ်ဌာန ဆိုင်ရာများ၊  ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက်နေကြသော မိတ်ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး လုပ်ငန်းလမ်းညွှန်ချက် နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖြစ်ရပ်စီမံခန့်ခွဲမှုများ စတင်ဆောင်ရွက်ချိန်မှ ယခုချိန်ထိ (၆)နှစ်တာ ကာလအတွင်း ကလေးသူငယ်ဖြစ်ရပ်ပေါင်း (၃၃၆၀)ခုအား ဖြေရှင်းဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါ ဖြစ်ရပ်များအနက် ဥပဒေနှင့်ရင်ဆိုင်နေရသော ကလေးသူငယ် ဖြစ်ရပ်(၁၄၆၆)ခုနှင့် လိင်ပိုင်း ဆိုင်ရာ ကျူးလွန်ခြင်းခံရသောဖြစ်ရပ် (၁၁၆၈)ခု အပါအဝင် အခြားကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များ၏ ဖြစ်စဉ်များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဖြစ်စဉ်တွေကို ကြည့်ခြင်းအားဖြင့် ဖြစ်ရပ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်တွေဟာ အထူးအလေးထား ဆောင်ရွက်ရမည့် ကိစ္စတွေဖြစ်သည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ကလေးသူငယ်များ၏ ဖြစ်စဉ် အပေါ်မူတည်၍ အခြားသော သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် မူဝါဒပိုင်းဆိုင်ရာ ချိတ်ဆက်၍ ဖြေရှင်း ဆောင်ရွက်ပေးခြင်း နှင့် ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက် နေသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (National Committee on the Rights of the Child-NCRC) ၏ လုပ်ငန်းတာဝန်များ နှင့်အညီ အခြားသော ဆက်စပ် ဝန်ကြီးဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူမှုရေးရာ ဖြစ်ရပ် စီမံခန့်ခွဲသူများ၏ စွမ်းဆောင်ရည် ပိုမို တိုးတက်စေရန်လည်း ပုံမှန်သင်တန်း၊ မွမ်းမံသင်တန်းများ ဆောင်ရွက်လျက်ရှိဖြစ်ပါကြောင်း၊ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ လုပ်ငန်း ဆောင်ရွက်မှုများရဲ့ သတင်းအချက် အလက်များကို အချိန်နှင့်တပြေးညီ လွယ်ကူ လျင်မြန်စွာ စုစည်းရရှိနိုင်ရန်နှင့် နိုင်ငံတော် အစိုးရ၏ လုပ်ငန်းယန္တရားအောက်တွင် ကြီးကြပ်စီမံမှုများ ပြုလုပ်နိုင်ရေးအတွက် နိုင်ငံတစ်ဝန်းလုံးရှိ လူမှုရေးရာ ဖြစ်ရပ်စီမံ ခန့်ခွဲရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ (Nationwide Case Management Supervision Unit – NCMSU) ကို (၂၈.၁၀.၂၀၂၀) ရက်နေ့တွင် ဖွဲ့စည်းထားပြီးဖြစ်၍ ဆက်လက်ပြီး လုပ်ငန်းများ အကောင် အထည်ဖော်မှု   အားကောင်းစေရန်  ချိတ်ဆက်ဆောင်ရွက်မည့် အစီအစဉ်များ ချမှတ် ဆောင်ရွက်နိုင်ရန် အစည်းအဝေးတက်ရောက်လာသူများကလည်း လုပ်ငန်း လိုအပ်ချက်များ၊ တွေ့ကြုံရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြဖို့ ပြောကြား လိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနက သက်ဆိုင်ရာတာဝန်ရှိသူက “နိုင်ငံတစ်ဝန်းလုံးရှိ လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲရေး လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ Nationwide Case Management Supervision Unit (NCMSU)” ၏လုပ်ငန်းစဉ်များအား ရှင်းလင်း တင်ပြရာတွင် ဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းစတင်ဖြစ်ပေါ်လာပုံ၊ NCMSU ဌာနစု အနေဖြင့် ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ၊ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သောကလေးသူငယ်၊ အမျိုးသမီး၊ မသန်စွမ်းသူ၊ သက်ကြီးရွယ်အို စသည့် မတူကွဲပြားသည့်ဦးတည်အုပ်စုများ အလိုက်၊ ဥပဒေနှင့်ညှိစွန်းသော Case၊ ဥပဒေနှင့် မညှိစွန်းသော Case စသည့် ဖြစ်ရပ် အမျိုး အစားများအလိုက် ဆောင်ရွက်ပေးနိုင်မှုများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်း များနှင့်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ၊ သတင်းအချက်လက်များ တစ်စုတစ်စည်းတည်း စုစည်းဆောင်ရွက်နိုင်ရေး ဦးစီးဌာနမှ ဆောင်ရွက်မည့် Social Welfare Management Information System (SMIS) လူမှုရေးသတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်တွင် ထည့်သွင်းနိုင်ရေးဆောင်ရွက်နေမှုနှင့်  ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသော တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး များမှ ဖြစ်ရပ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ် နှင့် ပတ်သက်၍ အားသာချက်၊ အားနည်းချက်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လတ်တလောဆောင်ရွက်နိုင်မှု အခြေအနေများ အား တင်ပြခဲ့ရာ တင်ပြချက်များအပေါ်တွင် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ လိုအပ်ချက်များအလိုက် ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေး လမ်းညွှန်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

 

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR