ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်အောင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းဆောက်လုပ်မည့် မြေနေရာအားသွားရောက်ကြည့်ရှုစစ်ဆေးပြီး မူကြိုအရွယ်ကလေးငယ်များ မူကြိုပညာရေးလွှမ်းခြုံနိုင်မှုရာခိုင်နှုန်း တိုးမြှင့်ပေးရန် မူလတန်းကြိုကျောင်းသစ်တစ်ကျောင်းထပ်မံတည်ဆောက်ဖွင့်လှစ်သင်ကြားပေးနိုင်ရေး ဝန်ကြီးဌာနနှင့်ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးကြပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် တောင်ကြီးမြို့မူလတန်း ကြိုကျောင်းသို့ သွားရောက်ကာ ကလေးငယ်များ ပျော်ရွှင်ချမ်းမြေ့စွာ လေ့ကျင့်သင်ကြားနေမှုအခြေအနေများကို ကြည့်ရှုပြီး ကလေးငယ်များအား မုန့်များ ဝေငှပေးခဲ့ကြပါသည်။

ထိုမှတစ်ဆင့် တောင်ကြီးမြို့အေးသာယာမြို့သို့ သွားရောက်ကာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနပြည်နယ်ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့ဆက်လက်သွားရောက်ပြီး ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေ၊ ‌ထောက်ပံ့မှုလုပ်ငန်း များဆောင်ရွက်နေမှုအခြေအနေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလုပ်ငန်းများဖြစ်သည့် ဇာတ်တိုက်လေ့ကျင့်မှုများ၊ အသိပညာပေး‌ဟော‌ပြောပွဲများ၊ သင်တန်းများပြုလုပ်ဆောင်ရွက်မှုအခြေအနေ၊ လက်ရှိ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုနှင့် ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ရန် မြေနေရာနှင့် သိုလှောင်ရုံလိုအပ်မှုအခြေအနေများကို မေးမြန်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေညောင်မြို့သို့ ဆက်လက်သွား‌ရောက်ကာ ရွှေညောင် မြို့၊ အမက-ရေပူကချင်ကျောင်းတွင် အာဆီယံက လှူဒါန်းသော အလျားပေ၆၀၊ အနံ ပေ ၃၀ ရှိPrefabricated ကျောင်းဆောင်ဆောက်လုပ်ပြီးစီးမှုကိုကြည့်ရှုစစ်ဆေးပြီး ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများကို တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR