၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်အတွက် ရှမ်းပြည်နယ်အတွင်းရှိ အသက်၈၅နှစ်နှင့်အထက်သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားသော ကလးသူငယ်များနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက် ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင်ရှမ်းပြည်နယ်၊တောင်ကြီးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဧည့်သည်တော်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးကသက်ကြီးပုဂ္ဂိုလ်များအတွက် အထောက်အပံ့ဖြစ်နိုင်စေရေးနှင့်၎င်းတို့အားလေးစားတန်ဖိုးထားခြင်းအားဖြင့်နိုင်ငံ‌တော်အစိုးရကထောက်ပံ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အဖြစ် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးများကို ၆ လစာ တစ်စုတစ်စည်းတည်းပေးအပ်ခြင်းဖြစ်ကြောင်း၊ထို့ပြင် ရပ်ရွာအတွင်းလူမှုရေးလိုအပ်ချက်များအပေါ်မူတည်ပြီးစေတနာကိုအရင်းခံ၍တည်ထောင်ဖွင့်လှစ်ဆောင်ရွက်နေကြသောကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်းဂေဟာများနဲ့ ဘိုးဘွားရိပ်သာများအတွက်နိုင်ငံတော်အနေဖြင့်ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ဂေဟာ/ရိပ်သာများအနေဖြင့်ဘဏ္ဍာရေးစည်းမျဉ်းများ၊စံလုပ်ငန်းလမ်းညွှန်များနှင့်အညီဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်အတွင်းရှိ အသက်၈၅နှစ်နှင့်အထက်သက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်ထောက်ပံ့ငွေ၊ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသောအသက် (၂)နှစ်အောက်ကလေးများထောက်ပံ့ငွေများ၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ များအတွက်ထောက်ပံ့ငွေ ကျပ် ၃၄၉၃ ဒသမ၅၄၂သန်းကိုရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ပါသည်။

ယင်းနောက်ရှမ်းပြည်နယ်အတွင်းရှိ အသက်၈၅နှစ်နှင့်အထက်လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူသက်ကြီးပုဂ္ဂိုလ်၅၀၂၇ဦးအတွက်လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေကျပ်၂၉၃.၁၃၀သန်းကိုပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ကိုယ်ဝန်ဆောင်မိခင်၁၀၆၄၂ဦးနှင့်၎င်းတို့မှမွေးဖွားလာသောအသက် (၂)နှစ်အောက်ကလေး၁၈၄၈၄ဦးစုစုပေါင်း၂၉၁၂၆ဦးအတွက်၂၇၁၅ဒသမ၇၀၅သန်းနှင့်စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းတို့အတွက်ထောက်ပံ့ကြေးကျပ် ၄၈၄ဒသမ၇၀၇သန်း၊ကိုရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီးစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ယနေ့အခမ်းအနားတွင်ရှမ်းပြည်နယ်အတွင်းရှိအသက်၈၅နှစ်နှင့်အထက်သက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ၅၀၂၇ဦး၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက်ကလေး ၂၉၁၂၆ ဦးနှင့်စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကစောင့်ရှောက်ထားသူ၃၃၂၄ဦးစုစုပေါင်း၃၇၄၇၇ဦးအတွက်ထောက်ပံ့ငွေစုစုပေါင်းငွေကျပ်၃၄၉၃ဒသမ၅၄၂သန်းထောက်ပံ့ပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည်  တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ နယ်မြေ(၆)၊ ဒေါနလမ်းရှိ ရှမ်းရိုးမ ဘိုးဘွားရိပ်သာသို့ သွားရောက်ခဲ့ပြီးဘိုးဘွားများအားပြုစုစောင့်ရှောက်သူများအနေဖြင့်လည်းသက်ကြီးများ၏သဘောသဘာဝကိုသိရှိနားလည်ပြီးပြုစုစောင့်ရှောက်ပေးရန်လိုအပ်ပါကြောင်း၊မိမိတို့ဝန်ကြီးဌာနကဖွင့်လှစ်လျက်ရှိသည့် care giver သင်တန်းကိုလည်းအဆင်ပြေသည့်အချိန်တွင်တက်ရောက်ပေးစေချင်ပါကြောင်း၊ဘိုးဘွားများအားသက်ရှည်ကျန်းမာသည့်ဘဝရရှိနိုင်စေရန်နှင့်သက်ကြီးများနှင့်သင့်လျော်သည့်ပတ်ဝန်းကျင်ကိုလည်းဖန်တီးပေးရန်လိုအပ်ပါကြောင်းရိပ်သာရှိတာဝန်ရှိသူများကိုပြောကြားခဲ့ပါသည်။

ထို့နောက်ဘိုးဘွားများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီးဘိုးဘွားများအတွက်Ageing Dignity Kits များနှင့်စားစရိတ်တို့ကိုတာဝန်ရှိသူများထံထောက်ပံ့ပေးအပ်ခဲ့ပါသည်။ရှမ်းရိုးမဘိုးဘွားရိပ်သာတွင်အဘိုး၅ဦး၊အဘွား၁၇ဦးစုစုပေါင်း၂၂ဦးစောင့်ရှောက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR