လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဝန်ကြီးရုံးနှင့်ဦးစီးဌာန(၃)ခုတို့မှဝန်ထမ်းများ၏သားသမီးများအနက်၂၀၂၄-၂၀၂၅ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်ကျောင်းသား/ ကျောင်းသူများအားပညာသင်ထူးချွန်ဆုချီးမြှင့်ခြင်းနှင့်၂၀၂၅-၂၀၂၆ပညာသင်နှစ်တွင်တက္ကသိုလ်နှင့်အခြေခံပညာအထက်တန်း၊အလယ်တန်း၊မူလတန်းအဆင့်ပညာသင်ကြားမည့်ကျောင်းသား/ ကျောင်းသူများအားပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းကဝန်ကြီးရုံးစုပေါင်းခန်းမ၌ကျင်းပရာအခမ်းအနားသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်ဇနီး၊ဒုတိယဝန်ကြီးများ၊အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယအမြဲတမ်းအတွင်းဝန်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊အရာထမ်း၊အမှုထမ်းများနှင့်ကျောင်းသား/သူများတက်ရောက်ကြပါသည်။

အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးကဝန်ကြီးဌာနတစ်ခုလုံးရှိဝန်ထမ်းမိသားစုများ၏ သားသမီးများဖြစ်သည့် ၂၀၂၄-၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့သည့်(၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊(၂)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊(၁)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊စုစုပေါင်းဂုဏ်ထူးရကျောင်းသား/သူ (၆)ဦးနှင့်ရိုးရိုးအောင်မြင်သူ(၂၂)ဦးတို့အား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် မူလတန်းအဆင့် (၇၃၉)ဦး၊အလယ်တန်းအဆင့် (၂၃၅)ဦး၊အထက်တန်းအဆင့်(၁၆၆)ဦး၊တက္ကသိုလ်တက်ရောက်သူ (၃၃၆)ဦးစုစုပေါင်းကျောင်းသား/ကျောင်းသူ(၁၄၇၆)ဦးအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်သွားမည်ဖြစ်ပါကြောင်းအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍(၅)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁)ဦးနှင့် (၁) ဘာသာ ဂုဏ်ထူးရှင် (၄)ဦးစုစုပေါင်း ဂုဏ်ထူးရကျောင်းသား/သူ (၆)ဦးနှင့်တက္ကသိုလ်တက်ရောက်နေသူများအားပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊အထက်တန်းတက်ရောက်နေသူကျောင်းသား/သူများအားပြည်ထောင်စုဝန်ကြီး၏ဇနီးကလည်းကောင်း၊အလယ်တန်းအဆင့်ကျောင်းသား/သူများအားဒုတိယဝန်ကြီးဦးစိုးကြည်ကလည်းကောင်း၊မူလတန်းအဆင့်ကျောင်းသား/ သူများအားဒုတိယဝန်ကြီးဒေါက်တာသန်းစိုးကလည်းကောင်းပညာသင်ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်ပညာသင်ထောက်ပံ့ကြေးငွေများကိုနှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ၂၀၂၄-၂၀၂၅ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၅)ဘာသာဂုဏ်ထူးရှင်အပါအဝင်ဂုဏ်ထူးရကျောင်းသား/သူ(၆)ဦး၊ရိုးရိုးအောင်မြင်သူ(၂၂)ဦး၊၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက်တက္ကသိုလ်တက်ရောက်သူကျောင်းသား/ သူ(၃၃၆)ဦး၊အထက်တန်းကျောင်းသား/သူ (၁၆၆)ဦး၊အလယ်တန်းကျောင်းသား/သူ (၂၃၅)ဦး၊မူလတန်းကျောင်းသား/သူ (၇၃၉)ဦး၊စုစုပေါင်းကျောင်းသား/သူ(၁၅၀၄)ဦးအတွက်ငွေကျပ် (၂၉,၂၃၅,၀၀၀)ကိုထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသိရသည်။

နောက်ဆုံးရသတင်းများ

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR