ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်းခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ(အခမဲ့)သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ကရင်ပြည်နယ် လူမှုဝန်ထမ်းရုံးမှဝန်ထမ်းများ၊ သင်တန်းသူများ၊ စုစုပေါင်း အင်အား (၈၀)ဦး တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား/သူများအား ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သော စားစရိတ်ထောက်ပံ့ငွေနှင့် ပထမဆုရရှိသူ သင်တန်းသူ(၁)ဦးအား ဆုချီးမြှင့်ခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းဘေဘီမြင့်က ဒုတိယနှင့်တတိယရရှိသူ သင်တန်းသူ(၁)ဦးစီတို့အား ဆုချီးမြှင့်ခြင်းနှင့် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အသင်းဝင်အဆိုပြုလွှာများ လက်ခံခြင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက သင်တန်းသူများကိုယ်စား သင်တန်းသူ(၁)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး သင်တန်းသူ(၁)ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား သင်တန်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR