လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၂၅) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်၌ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မင်္ဂလွန်းကျေးရွာအုပ်စု၊ အေးချမ်းသာကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးအိမ်ခြေ (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀‌၀ဝ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၅၀၀၀ဝ/-)၊  လူဦးရေ (၄၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃၅၀၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၈၅၀၀ဝ/-) နှင့် အိမ်ထောင်စု (၅) စုအတွက် (၅၄၀၀၃ဝ/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၅) စု စာတို့အား  (၂၉-၇-၂၀၂၅) ရက်နေ့၊  (၁၄:၀၀) နာရီအချိန်တွင် ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
ပုသိမ်မြို့ ပမ္မဝတီခန်းမ၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး၁၆ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား၊ မ အခြေပြုအကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

MOS

DSW

DDM

DOR