သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ရာသီဥတုမျှတကောင်းမွန်စေရေး၊ သဘာဝဘေးအန္တရာယ်များ လျော့ပါးသက်သာစေရေးနှင့် စိမ်းလန်းသောမြို့တော်ဖြစ်စေရေးတို့ကို ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်နေရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ဟိုတယ်ဇုန်(၁) ရာဇသင်္ဂဟလမ်းမကြီးဘေး၊ Star World Hotel အရှေ့ဘက်၌ ကျင်းပသည်။

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ခဲ့ပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပြီး အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာအသီးသီးတွင် ရတနာတန်းဝင်ကျွန်းပင်များ ဆက်လက်စိုက်ပျိုးကြပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ဝန်ထမ်းများပျော်ရွှင်စွာ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ယနေ့ကျင်းပသည့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပျိုးပင် (၁၅၀) ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
ပုသိမ်မြို့ ပမ္မဝတီခန်းမ၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး၁၆ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား၊ မ အခြေပြုအကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

MOS

DSW

DDM

DOR