လူမှုဝန်ထမ်းဦးစီးဌာနနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း()ဖွဲ့တို့အကြား လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လက်မှတ်ရေးထိုးရန် ဆောင်ရွက်လျက်ရှိသည့် နားလည်မှုစာချွန်လွှာများနှင့်စပ်လျဉ်း၍ အစည်းအဝေးကျင်းပ

၉ မတ်လ၊ နေပြည်တော်

                    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများအကြား လုပ်ငန်းများပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် လက်မှတ်ရေးထိုးရန် ဆောင်ရွက်လျက်ရှိသည့်နားလည်မှုစာချွန်လွှာ များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ် ဆိုင်ရာတာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

                  ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ပြည်သူလူထုနှင့် အများဆုံးထိတွေ့ ဆက်ဆံရသည့် ပြည်သူ့အကျိုးကို တိုက်ရိုက်အကောင်အထည်ဖော်ဆောင်ရွက်ရသည့်ဝန်ကြီးဌာန ဖြစ်ပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး၍လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရသည့်ကိစ္စရပ်များသည် အရေးကြီးသောကဏ္ဍဖြစ်ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာမှနည်းပညာအကူအညီ (Technical Assistance)၊ ငွေကြေးအကူအညီ (Financial Assistance) ရရှိသည်ဟုလည်း ဆိုနိုင်ပါကြောင်း၊ တိုင်းပြည်အတွက်တကယ်အကျိုးရှိနိုင်သော စီမံကိန်းများဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌထံသို့ ရှင်းလင်းတင်ပြနိုင်ရေးအတွက် မည်သည့်အဖွဲ့အစည်းက မည်မျှလောက် ထိရောက်ပြီး မည်သည့်လုပ်ငန်းများဆောင်ရွက်နေသည်ကို စာရင်းချုပ်ပြုစုထား၍ Checklists ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ခွင့်ပြုမိန့်ရရှိရေး မလိုအပ်သည့်အဆင့်များကို လျှော့ချဆောင်ရွက် နိုင်ရေး တင်ပြဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားပါသည်။

                 ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ရုံးစာတိုင်းသည် ကန့်သတ်အဆင့်ရှိပါကြောင်း၊ စာရွက်စာတမ်းများ လုံခြုံရေးအတွက် ထိန်းသိမ်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ မိမိဌာနအတွင်းရှိ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းများအား စာရွက်စာတမ်းများ လုံခြုံရေးနှင့် ပတ်သက်၍ ချပြဆွေးနွေးသွားရန်ဖြစ်ကြောင်း ပြောကြားပါသည်။

                    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဘသန်းမှ နိုင်ငံအကာ အဖွဲ့အစည်း ()ဖွဲ့နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြပါသည်။

                    လူမှုဝန်ထမ်းဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ခင်မေနုမှ People In Need Trocaire Child Fund Myanmar Christian Aid နှင့် Mercy Corps (Myanmar) အဖွဲ့များ၏ ရည်ရွယ်ချက်၊ စီမံကိန်းအမည်၊ စီမံကိန်းကာလ၊ စီမံကိန်းရန်ပုံငွေ၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အကျိုးခံစားခွင့်ရမည့်သူများ၊ စီမံကိန်းလုပ်ငန်းများ၊ စီမံချက်ဧရိယာ၊ နားလည်မှု စာချွန်လွှာ ရေးထိုးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ မြစိမ်းရောင်ကျေးရွာနှင့် နန်းတော်ဦးကျေးရွာတို့၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိ သော လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/‌ရှောင်ရန် အချက်များအား အသိပညာ ပေးမှုသတင်း
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း(မြို့နယ်အဆင့်)အမှတ်စဉ် (၄/၂၀၂၄) ဖွင့်လှစ်မှုသတင်း
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရွှေနံ့သာစျေး၊ ရွှေနံ့သာရပ်ကွက်၊ ငန်းစပ်၊ မောင်းရမ်း၊ သဲကုန်း၊ မင်းကုန်း၊ ကျွဲရှင်း၊ မအူလေးပင်နှင့် ဆည်ကန်ကျေးရွာများတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR