၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုလှုပ်ရှားမှု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍  အောင်မြေမန္တလာ အားကစားကွင်း၌ ( ၂. ၁၂. ၂၀၂၅ ) ရက်နေ့နံနက် ( ၀၇း၀၀ ) နာရီအချိန်မှစတင်၍  လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ ပရဟိတ‌ဂေဟာ များမှ မသန်စွမ်းအမျိုးအစားများဖြစ်ကြသော (ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ အမြင်အာရုံမသန်စွမ်းသူများ၊ အကြားအာရုံမသန်စွမ်းသူများနှင့် ဉာဏ်ရည်မသန်စွမ်းသူများ )မှ မီတာ (၁၀၀)နှင့် မီတာ (၅၀) အပြေးအားကစား ပြိုင်ပွဲများ၊ ကျား/မလှံတံပစ်အားစကားပြိုင်ပွဲများနှင့် သံလုံးပစ် အားကစားပြိုင်ပွဲများ၊ အမြင်အာရုံမသန်စွမ်းသူများမှ စစ်တုရင်အားကစားပြိုင်ပွဲများ၊ ကိုယ်အင်္ဂါမသန်စွမ်း ကျား/မ ဝှီးချဲအတွန်း အားကစားပြိုင်ပွဲများနှင့် ဂိုး(လ်)ဘောအားကစားပြိုင်ပွဲများဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးမှ အားကစားပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး၊ အားကစားပြိုင်ပွဲဝင် မသန်စွမ်းသူများအား ရင်းနှီးစွာဖြင့် အားပေးနှုတ်ဆက်စကား ပြောဆိုအပြီး  အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော မသန်စွမ်းသူများအား ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး မသန်စွမ်းသူအားကစားပြိုင်ပွဲ အကြိုလှုပ်ရှားမှု (ဒုတိယနေ့) အခမ်းအနားအား  နံနက် (၁၂း၁၅) နာရီအချိန်တွင် ပြီးဆုံးခဲ့ပါသည်။





နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR