၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၃)ရက်တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားအား (၃.၇.၂၀၂၄)ရက်၊ နံနက်(၀၉:၀၀) နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ ဥပဒေချုပ်နှင့်တကွ စစ်ဖက်ဆိုင်ရာမှအရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီအဖွဲ့ဝင်များနဲ့ အမျိုးသမီးများအရေးကို ဆောင်ရွက်နေကြတဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တတ်ရောက်ခဲ့ကြပါသည်။ အခမ်းအနား၌ မကွေးပညာရေးဒီဂရီကောလိပ်က ကျောင်းသူလေးများမှ မြန်မာမလေးပါ တေးသီချင်းဖြင့်ကပြတင်ဆက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ သီရိပျံချီ ဦးတင့်လွင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းတင် ဗီဒီယိုပြသပြီးနောက် မကွေးတိုင်းဒေသကြီးအတွင်းရှိတက္ကသိုလ်ဝင် စာမေးပွဲတွင်(သိပ္ပံ၊ဝိဇ္ဇာ၊ဝိပ္ပံ)ဘာသာတွဲများတွင် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် အမျိုးသမီးများ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် အားကစားပြိုင်ပွဲတွင် ထူးချွန်ခဲ့သည့် အမျိုးသမီးအားကစားသမား(၃)ဦးနှင့် မွန်မြတ်သည့်လုပ်ငန်းတစ်ရပ်ဖြစ်သည့် သွေးလိုအပ်သည့် လူနာများအား အကြိမ်အများဆုံး သွေးလှူခဲ့သည့် အမျိုးသမီးသွေးလှူရှင်တို့အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး မကွေးပညာရေးဒီဂရီကောလိပ်က ကျောင်းသူလေးများမှ ပန်းမြတ်ရွှေသဇင်သီချင်းဖြင့် ကပြဖျော်ဖြေပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ 







နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR