လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း‌ဒေသကြီးဦးစီးမှူးရုံးနှင့် ရန်ကုန် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ၁၅-‌၃-၂၀၂၆ ရက်နေ့၊ (၁၆:၄၅) နာရီအချိန်တွင် သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ သိုက်တူးကန် ကျေးရွာအုပ်စု၊ သိုက်တူးကန်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ်  လုံး၀ပျက်စီးအိမ်ခြေ (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀ဝိ/-)၊  တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ (၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ‌(၆၅၀၀၀ဝိ/-)၊  လူဦးရေ (၆၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၃၁၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၃၆၀၀၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၄)အိမ်ထောင်စုစာတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ၀န်ကြီးချုပ်ခရီးစဉ်တွင် ရန်ကုန်တိုင်း‌‌ဒေသကြီး၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ၁၆-၃-၂၀၂၆ ရက်နေ့၊  (၀၉:၀၀)နာရီအချိန်တွင်  ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီက ကြီးမှူး၍ စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူ ပစ္စည်းပြုလုပ်ခြင်း၊ အီကိုပရင့်သင်တန်း၊ ခြင်းတောင်းယက်နည်းသင်တန်း၊ အိတ်ချုပ်လုပ်နည်းသင်တန်း၊ အခြေခံပန်းချီသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်

MOS

DSW

DDM

DOR