ပွင့်ဖြူမြို့နယ်အတွင်းရှိလေဘေးသင့်ပြည်သူများအားထောက်ပံ့ခြင်း၊လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊မကွေးတိုင်းဒေသကြီးအတွင်းရှိမသန်စွမ်းများ၊ပရဟိတဂေဟာများ၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များအား ထောက်ပံ့ခြင်းအခမ်းအနားကို အဆိုပါနံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်  ဦးအောင်ချိန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ခရိုင်အဆင့်၊ မြို့နယ် အဆင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ပွင့်ဖြူမြို့နယ် အတွင်းရှိ လေဘေးသင့်ပြည်သူ၊ အသက်(၈၅)နှစ်အထက်ဘိုးဘွားနှင့် ထိခိုက်လွယ်အုပ်စုဝင် မသန်စွမ်းသူအချို့သည် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြား ရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ် ကာလပြဌာန်းချက်များနှင့်အညီ  တာဝန်ယူဆောင်ရွက်ခဲ့သည်မှာ (၃)လရှိပြီဖြစ်ကြောင်း၊ ပုံမမှန် သည့်ရွေးကောက်ပွဲဖြစ်စဉ်များ၊ သဘာဝမကျသော မဲစာရင်း မှားယွင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ ကိစ္စရပ်များကို တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖြေရှင်းပေးခြင်းမရှိသည့်အတွက် အရေးပေါ်ကာလ ပြဌာန်းချက်များ အရ ကြားကာလအစိုးရအနေဖြင့် တာဝန်ယူ ဆောင်ရွက်နေရခြင်းဖြစ်ပြီး သက်တမ်း တိုပါကြောင်း၊ Covid-19 ကာလအတွင်း ရပ်တန့်နေသည့်လုပ်ငန်းများကိုအရှိန်အဟုန်ဖြင့် ပြန်လည်စတင်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌက လမ်းညွှန်ထားရှိပါကြောင်း၊ သင်္ကြန်ကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့တွင် လေပြင်းဘေးများ ဖြစ်ပေါ်ခဲ့ရာ ပွင့်ဖြူမြို့နယ်မှာ အများဆုံးထိခိုက်ခံစားခဲ့ရပါကြောင်း၊ ဒါကြောင့် ယခုလို ပွင့်ဖြူမြို့နယ်အတွင်းရှိ လေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေး အတွက် မိမိပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူသည့်ကာလအတွင်း ပထမဆုံးအကြိမ်ခရီးထွက်ခွာလာ ရောက်ရခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံမှာသဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများနဲ့  ပတ်သက်ပြီး ဆောင်ရွက်နေမှုအနေဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပြဌာန်းထားရှိပြီး ပြည်ထောင်စု အဆင့်မှာဆိုရင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဌဦးဆောင်တဲ့ အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားကော်မတီရဲ့မူဝါဒ၊ လမ်းညွှန်ချက်များကိုသက်ဆိုင်ရာကဏ္ဍအလိုက်ထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာပြည်ထောင်စု၀န်ကြီးများ ဥက္ကဌ အဖြစ် တာ၀န်ယူဆောင်ရွက်တဲ့ လုပ်ငန်းကော်မတီ(၁၂)ခုကိုလည်း ထပ်မံဖွဲ့စည်းထားရှိ ပါကြောင်း၊ ဒါ့အပြင်တိုင်းဒေသကြီး/ပြည်နယ်အဆင့်မှာလည်း သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများကို အနီးကပ် ကြီးကြပ်ဆောင်ရွက်နိုင်ရန် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌများဦးဆောင်တဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကိုလည်း အဆင့်ဆင့် ထပ်မံဖွဲ့စည်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီး မှာ ယခု ဧပြီလ(၁၂)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း လေပြင်းတိုက်ခတ်မှုများကြောင့် စလင်း၊ ဆိပ်ဖြူ၊ မြိုင်၊ ရေစကြို၊ ရေနံချောင်း၊ ကံမ၊ ပွင့်ဖြူ၊ ပေါက်နဲ့ တောင်တွင်းကြီး မြို့နယ်တွေမှာ အိုးအိမ်ပျက်စီးမှု တွေရှိခဲ့ပါကြောင်း၊  လေပြင်းဘေးဖြစ်ပွားမှုများအနက် ပွင့်ဖြူမြို့နယ်မှာ ထိခိုက်မှုများတဲ့အတွက် မိမိကိုယ်တိုင် လေဘေးသင့်ပြည်သူတွေနဲ့တွေ့ဆုံ ထောက်ပံ့လိုတဲ့အတွက် လာရောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပွင့်ဖြူမြို့နယ်မှ လေဘေးသင့်ပြည်သူ(၂၀၇၂)ဦးအတွက် စုစုပေါင်း ထောက်ပံ့မှု ကျပ်(၃၀၁)သိန်း ကျော် ထောက်ပံ့ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဘေးဒဏ်ကို လက်တွေ့ရင်ဆိုင်ကြုံတွေ့ခံစားရတဲ့ ပြည်သူလူထုရဲ့ သဘာဝဘေးအသိပညာ တိုးပွားရေး၊ ရပ်ရွာတွေရဲ့ ဘေးဒဏ်ရင်ဆိုင် တုံ့ပြန်နိုင် စွမ်းမြင့်မားရေးတို့ကိုလည်း လူမှုရေးအဖွဲ့အစည်းများ အပါအဝင် ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်စေတနာ့ ဝန်ထမ်းအဖွဲ့ အစည်းများမှ တည်ထောင်ဖွင့်လှစ်ထားရှိသော ပရဟိတဂေဟာများနှင့် ဘိုးဘွားရိပ်သာများ တွင် လက်ခံစောင့်ရှောက်ထားသည့် ကလေးသူငယ်၊ လူငယ်များ၊ မသန်စွမ်းသူများ၊ အမျိုးသမီး များနှင့် သက်ကြီးရွယ်အိုများ၏ စားဝတ်နေရေးဖူလုံနိုင်ရေးအတွက် နိုင်ငံတော်မှ ခွဲဝေရရှိသည့် ဘဏ္ဍာ ရန်ပုံငွေအရ တစ်စိတ်တစ်ဒေသသာ ထောက်ပံ့ပေးနိုင်ခြင်းဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဂေဟာ/ရိပ်သာ (၁၉)ခုအတွက် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ထောက်ပံ့မှုအနေဖြင့်  စုစုပေါင်းထောက်ပံ့ကြေးငွေ ၁၀၇၀၄၀၀၀ဝိ/- ကို ထောက်ပံ့နိုင်မှာ ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၁၄ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် လူမှု ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဉ်နှင့်အညီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘိုးဘွားဦးရေ(၂၅၀,၀၀၀)ခန့်အား တစ်ဦးကို တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့်(၃)လ တစ်ကြိမ် ထောက်ပံ့ ပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်း အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားဦးရေ (၂၅၃၇၅)ဦးကိုထောက်ပံ့ပေးသွားမှာဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် မသန်စွမ်းသူများ၊သက်ကြီးရွယ်အိုများအတွက် လူ့အခွင့်အရေးများ တန်းတူညီမျှ ရရှိရေး၊ ပြန်လည်ထူထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုအလေးအနက်ထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဲ့ဒီလိုဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတကာအဆင့်၊ ဒေသတွင်း အဆင့်၊ အာဆီယံ အဆင့်တို့တွင်ချမှတ်ထားရှိတဲ့ကွန်ဗင်းရှင်းများ၊ သဘောတူညီချက်များ၊ လုပ်ငန်း အစီအစဉ်များ ကိုလည်းထည့်သွင်းပေါင်းစပ်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ လက်ရှိ COVID-19 ရောဂါ ဖြစ်ပွား လျက်ရှိသောကာလတွင် ဝန်ကြီးဌာနအနေဖြင့်ထိခိုက်လွယ်အုပ်စုဖြစ်တဲ့ မသန်စွမ်းသူများ အတွက် COVID-19 စီးပွားရေးကုစားမှုအစီအစဉ်တွင် မသန်စွမ်းသူဦးရေ(၂)သိန်းအတွက် တစ်ဦးလျင် (၃၀,၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ရာ ထောက်ပံ့ကြေးမရရှိခဲ့တဲ့ မသန်စွမ်းသူ များအတွက် ဆက်လက်ထောက်ပံ့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  မကွေးတိုင်း ဒေသကြီးအတွင်း ထောက်ပံ့ကြေးမရရှိခဲ့တဲ့ မသန်စွမ်းသူဦးရေ (၈,၉၁၈)ဦးရှိကြောင်း တွေ့ရှိရ ပါကြောင်း၊ ဒါ့ကြောင့်လည်း ယနေ့တွင် မကွေးတိုင်းဒေသကြီးအတွင်း ထောက်ပံ့ကြေး မရရှိခဲ့တဲ့ မသန်စွမ်းသူဦးရေ (၈,၉၁၈) ဦးအနက်  ပွင့်ဖြူမြို့ရှိမသန်စွမ်းသူ (၄၇၀) ဦးအတွက်()ဦး လျင် (၃၀,၀၀၀/-) ကျပ်နှုန်းဖြင့်စုစုပေါင်း (၁၄,၁၀၀,၀၀၀/-) (ကျပ်တစ်ရာလေးဆယ့်တစ်သိန်း တိတိ) ကိုထောက်ပံ့သွားမည်ဖြစ်ပြီး ကျန်ရှိတဲ့ မသန်စွမ်းသူတွေကိုလည်း ထောက်ပံ့ နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများ ထိရောက်ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာစေရေး၊ ထိခိုက်လွယ်အုပ်စုများကို ပိုမိုပံ့ပိုးပေးနိုင်ရေး၊ ဝန်ကြီးဌာနအနေဖြင့် ကြိုးစားအကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသလို၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လူမှုရေးအဖွဲ့အစည်းများနှင့်၊ ပြည်သူ လူထုတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါ ကြောင်းဖြင့် အမှာစကားပြောကြား ခဲ့ပါသည်။

     ဆက်လက်၍ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်မှာ လူသားချင်းစာနာမှုအကူအညီပေးရသည့်လုပ်ငန်းဖြစ် သည့်အတွက် ရပ်တန့်နေ၍မရပါကြောင်း၊ မိမိတို့ကြားကာလအစိုးရအနေဖြင့် (၂)နှစ်ထက်မပို သောကာလအတွင်း ရလာဒ်ကောင်းများထွက်ပေါ်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ Covid-19 ကြောင့် ရပ်တန့်နေသောလုပ်ငန်းများကို ပြန်လည်စတင်နိုင်ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနနှင့်သက်ဆိုင်သော မူကြိုကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်နေပြီ ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဝင်နှင့် တာဝန်ရှိသူများ၊ တက်ရောက်လာသည့် ဘိုးဘွားများ၊ လေဘေးသင့်ပြည်သူများ၊ မသန်စွမ်းသူများထံ ထောက်ပံ့ပေးအပ်မှုများ အသီးသီး ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာသူများကိုယ်စား မကွေးတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဦးအောင်ချိန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး နံနက် (၁၁:၃၀)အချိန်ခန့်တွင် အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မကွေးမြို့ပေါ်ရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အမှာစကားပြောကြားပြီး တက်ရောက်လာသည့် ဝန်ထမ်းများက တင်ပြလို သည် များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး လိုအပ်ချက်များအားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ရောက်ရှိကြပြီး တိုင်းဒေသကြီးဦးစီးမှူးရုံး သိုလှောင် ရုံအားကြည့်ရှုစစ်ဆေးကာ သိုလှောင်ရုံ ထိန်းသိမ်းရေး လက်စွဲအတိုင်း လိုက်နာကျင့်သုံး ဆောင်ရွက်ရန်နှင့် ယခုလက်တလောဖြစ်ပွားလျက်ရှိသည့် လေဘေးဖြစ်ပွားမှုများနှင့် မိုးဦးကာလ ဖြစ်ပွားတက်သည့် ဘေးအမျိုးမျိုးအတွက် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ လုံလောက်စွာ ဖြည့်တင်းထားရှိရေး လမ်းညွှန်မှာကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR