၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး ဒေါ်ညိုမီစော (ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက) ၊ ပြည်နယ်တရားသူကြီးချုပ် ဦးသန်းလွင်ဦး နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေး တက်ကြွစွာလှုပ်ရှား ဆောင်ရွက်နေသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် စုစုပေါင်း အင်အား (၅၀၀)ဦးခန့်တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်မှ မြန်မာအမျိုးသမီးများနေ့ အကြိုဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်းမှ မြန်မာအမျိုးသမီးများနေ့ အကြိုစာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများ၊ ၂၀၂၅ ခုနှစ်အတွင်း အမျိုးသမီး (ထူးချွန်ဆု)ရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ခြင်းအပြင် မြန်မာအမျိုးသမီးများနေ့ သီချင်းဖြင့်လည်းကောင်း၊ အကများဖြင့် ကပြဖျော်ဖြေတင်ဆက်ပြီး (၁၁း၀၀) နာရီအချိန်တွင် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR