အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ (၂၀၂၅)အထိမ်းအမှတ်အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲအား ယခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ဆောင်ပုဒ်ဖြစ်သည့်လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများပါဝင်သောလူ့အဖွဲ့အစည်းများမြှင့်တင်ပေးခေါင်းစဉ်ဖြင့် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း၊နေပြည်တော်တွင် (၂၇.၁၁.၂၀၂၅)ရက်၊ကြာသပတေးနေ့၊ နံနက် (၀၉:၀၀)နာရီမှ(၁၁:၀၀)နာရီအထိကျင်းပရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ၊ အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများသွားရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

မသန်စွမ်းသူများအနေဖြင့် လူမှုအသိုက်အဝန်းအတွင်း တန်းတူညီမျှပါဝင်ဆောင်ရွက်ခွင့် ရရှိရေး၊ ခွဲခြားဆက်ဆံခံရမှုနှင့် မညီမျှမှုမရှိစေရေး၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ အခွင့်အရေးနှင့် ကိုယ်၊ စိတ်ကျန်းမာကြံ့ခိုင်ရန် ပံ့ပိုးဆောင်ရွက်မှုကို မြှင့်တင်ပေးရေးတို့အတွက်အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘာတစ်ဝန်းကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၄ ခုနှစ်မှ စတင်၍ နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် နိုင်ငံတော်အဆင့် ကျင်းပခဲ့ရာ ယခုနှစ်တွင် (၃၂) ကြိမ်မြောက်အဖြစ်ကျင်းပသွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းမှုဆိုင်ရာကိစ္စများအပေါ် ကျောင်းသား၊ ကျောင်းသူများ၏သိမြင်နားလည်မှု တိုးပွားလာစေရေးနှင့် မတူကွဲပြားမှုကိုလက်ခံပြီး စည်းလုံးညီညွတ်သည့် လူအဖွဲ့အစည်းကို ပျိုးထောင်နိုင်ရေးအတွက် စာစီစာကုံးပြိုင်ပွဲကို ရည်ရွယ်ကျင်းပရခြင်းဖြစ်ပြီး ပြည်ထောင်စုနယ်မြေ၊နေပြည်တော်မြို့နယ် (၈) မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား(၁၅)ဦး၊ ကျောင်းသူ(၅၉)ဦး၊ စုစုပေါင်း(၇၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာဆုရရှိသူများအား ပြည်ထောင်စုနယ်မြေ၊နေပြည်တော်တွင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့၌ ကျင်းပမည့်အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ‌ရွှေသံလွင်ဘိုးဘွားရိပ်သာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာဟောပြောပွဲနှင့် လမ်းကမ်းစာစောင်ဝေငှမှုသတင်း

MOS

DSW

DDM

DOR