၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမူလတန်း ကြိုကျောင်းတွင် ကလေးများ၏ ကာယစွမ်းရည်ပြိုင်ပွဲကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ရွှေဘိုခရိုင် လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများ၊ရွှေဘိုမူလတန်းကြိုကျောင်းမှ ဆရာ/ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များ၊ သားငယ်/ သမီးငယ်လေးများ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို သားငယ်/ သမီးငယ်လေးများမှ အာရှမြန်မာ သီချင်းဖြင့် ကပြဖွင့်လှစ်ခဲ့သည်။  ၎င်းနောက်ရွှေဘိုခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုပွဲသည် ရွှေဘိုမူလတန်းကြိုကျောင်း၏ ကာယစွမ်းရည်ပြိုင်ပွဲ ဖြစ်ပါကြောင်း၊ စက်တင်ဘာလတွင်လည်း ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့ပါကြောင်း၊ ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်ခံစားမှုပိုင်းဆိုင်းရာဖွံ့ဖြိုးမှု၊ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးမှုများအတွက် ယခုကဲ့သို့ ပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ကလေးငယ်များအနေဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရှိမှသာ အနာဂတ်ကောင်းမွန်မည်ဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်မည့် ကလေးငယ်များအားလုံးကို ဆုများချီးမြင့်သွားမည်ဖြစ်ပါကြောင်း၊ ပွဲကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးခဲ့သူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သားငယ်သမီးငယ်လေးများက အကြီးအဆင့်တွင် သံပုရာသီးဇွန်းကိုက်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ အာလူးလွန်းပြန်ကောက်၊ ပုလင်းရေဖြည့်၊ ဖော့ရေညှစ်၊ ယပ်တောင်စက္ကူခေါက် အလတ်ဆင့်တွင် နို့ဆီဘူးဆင့်ပြိုင်ပွဲ၊ A B C တူရာထပ်ပြိုင်ပွဲ၊ လွယ်အိတ်လွယ်ပြေးပြိုင်ပွဲ၊ အိမ်ဆောက် ပြိုင်ပွဲ စသည်တို့ကိုလည်းကောင်း၊ အငယ်အဆင့်တွင် ဘောလုံးပိုက်ပြေး၊ ဦးထုပ်ဆောင်းပြေး၊ ခေါင်းအုံးရွက်ပြိုင်ပွဲ၊ ကြိုးသီပြေးပြိုင်ပွဲ စသည့်ကစားနည်းများကို ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြပါသည်။

၎င်းနောက် သားငယ်/သမီးငယ်လေးများအား ဆုအသီးသီးချီးမြင့်ခဲ့ကြပြီး အခမ်းအနားကို မနက် (၁၁း၃၀) အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR