၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဦးဆောင်၍ ဝန်ကြီးချုပ် ဦးမျိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်း‌ဒေသကြီးဂုဏ်ဆောင် ရွှေတံဆိပ်ဆုရ အမျိုးသမီးအားကစားသမားများနှင့် ရွှေတံဆိပ်ဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော အမျိုးသမီးနည်းပြများအားလည်းကောင်း၊ ပညာရေးကဏ္ဍတွင် လူရည်ချွန်များကို မွေးထုတ်ပေးနိုင်ခဲ့ပြီး လူမှုဆက်ဆံရေးနယ်ပယ်တို့တွင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သော အောင်မြေသာစံမြို့နယ်၊ အ.ထ.က-၈မှ ကျောင်းအုပ် ဆရာမကြီး ဒေါက်တာခင်သီတာအားလည်းကောင်း၊ ပညာရည်ထူးချွန်ဆု ရရှိသော (၃) ထပ်ကွမ်း အမျိုးသမီး ကလေးတစ်ဦးအားလည်းကောင်း၊ အများဆုံးသွေးလှူရှင် အမျိုးသမီး တစ်ဦးအားလည်းကောင်း၊ မြင်းခြံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့မှ လူမှုရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သော အမျိုးသမီးတပ်ဖွဲ့မှူးတစ်ဦးနှင့် ဒုတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေတို့အား ပေးအပ်ခဲ့ပြီး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ ဌာနငယ်/သင်တန်းကျောင်း များမှ အမျိုးသမီးကလေးများမှ အကပဒေသာဖြင့် ကပြဖျော်ဖြေပြီး၊ လက်မှုပညာပြခန်း များနှင့် ဓါတ်ပုံပိုစတာပြခန်းများဖြင့်လည်းကောင်း၊ အခမ်းအနားတက်ရောက်သူ ၂၅၀ ဦးရေခန့်ဖြင့် မဟာအောင်မြေမြို့နယ်၊ ၅၃ လမ်းနှင့် ၃၇ (ဘီ) လမ်းထောင့်ရှိ (Y Mandalay Hotel) တွင် စည်းကားသိုက်မြိုက်စွာ  ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာစိုးဝင်းငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
မန္တလေးငလျင်ကြီးကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်းနေ ဝန်ထမ်းများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR