မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အစည်းအဝေးကို ယနေ့နံနက် (၀၉:၀၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်နှင့်အမျိုးသမီးအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊တိုင်းဒေသကြီး/ပြည်နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူးများဖြစ်သည့် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးများတက်ရောက်ခဲ့ကြပါသည်။    

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်မြန်မာနိုင်ငံရှိအမျိုးသမီးများကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်မူဝါဒများ၊လုပ်ငန်းစဉ်များချမှတ်ခြင်း၊ဥပဒေများပြင်ဆင်ခြင်း၊အသစ်ရေးဆွဲခြင်း၊နိုင်ငံတကာနှင့်ဒေသတွင်းဆက်သွယ်ဆောင်ရွက်ပေးခြင်းစသည့် အမျိုးသမီးကဏ္ဍဆိုင်ရာလုပ်ငန်းများကိုအဓိကတာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ဒေသအလိုက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျယ်ပြန့်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊မြို့နယ်များတွင် အမျိုးသမီးကော်မတီများကို ဒေသအဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း(NSPAW) လုပ်ငန်းနယ်ပယ် (၁၂) ရပ်အလိုက် သက်ဆိုင်ရာလုပ်ငန်းကော်မတီ Focal ဌာနများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှု(၂)နှစ် အစီရင်ခံစာကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကအတည်ပြုပြီးနောက် NSPAW ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီ(၁၂)ရပ်ထံ ဖြန့်ဝေသွားမည်ဖြစ်ပါကြောင်းနှင့် ဝန်ကြီးဌာန Website တွင် အစီရင်ခံစာများ တင်ထားပေးသွားမည်ဖြစ်ပါကြောင်း၊ ကျား၊မရေးရာကိစ္စရပ်များအားတာဝန်ခံဆောင်ရွက်နိုင်ရန်သက်ဆိုင်ရာဌာနများမှ Gender Focal Point (၇၂) ဦးနှင့် Network ဖွဲ့စည်းထားရှိပြီး Gender Focal Point များက  ကျား ၊ မ ရေးရာ အချက်အလက်များကောက်ယူစုစည်းပြီး(၆) လ တစ်ကြိမ်အစီရင်ခံစာများ ပြုစုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ဦးဆောင်မှုနှင့်အတူဝန်ကြီးဌာနများအကြား ပူးပေါင်းချိတ်ဆက်မှု အားကောင်းစေရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် အမျိုးသမီးကော်မတီများအဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးကမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (၁/၂၀၂၅) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုရှင်းလင်းတင်ပြခြင်း၊အစည်းအဝေးတက်ရောက်လာသည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း(NSPAW) ဦးဆောင်ကော်မတီ  Focal ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများက  NSPAW (၂၀၂၃-၂၀၃၂) ၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်နှင့် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် (၂)နှစ် အစီရင်ခံစာနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မှု၊အောင်မြင်မှု၊ အားသာချက်/အားနည်းချက်များ၊  လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များအားဆွေးနွေးခြင်း၊ကျန်ဦးဆောင်ကော်မတီဝင်များ၊ ညွှန်ကြားရေးမှူးများချုပ်များနှင့် တာဝန်ရှိသူများက NSPAW လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များ အားရှင်းလင်းဆွေးနွေးခြင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များမှ တင်ပြထားသည့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်နှင့် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်(၂)နှစ် အကောင်အထည်ဖော်ဆောင်ရွက်မှု အစီရင်ခံစာအရ အားနည်းချက်၊ အားသာချက်နှင့် အကြံပြုချက်များအားရှင်းလင်းတင်ပြခြင်းများကို ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကနိဂုံးချုပ်အမှာစကားပြောကြားကာအစည်းအဝေးကို နံနက် (၁၁:၄၅)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR