လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရားလမ်းရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း အသက်မွေးသင်တန်းများဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက ကမ္ဘာပေါ်တွင် မသန်စွမ်းသူဦးရေသည် ကမ္ဘာလူဦးရေ၏ ၁၅ ရာခိုင်နှုန်း ခန့်ရှိသဖြင့် နိုင်ငံတိုင်းက အလေးထား ဆောင်ရွက်လျှက်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကွန်ဗန်းရှင်းကို ကုလသမဂ္ဂက ၂၀၀၆ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံက အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅) နှင့်နည်းဥပဒေများ (၂၀၁၇) ကို ပြဌာန်းပြီး ဒုတိယသမ္မတ ၂ က ဉက္ကဌ အဖြစ် ပါဝင်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်များ အဖွဲ့ဝင်အဖြစ်ပါဝင်သော မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီကို ဖွဲ့စည်းထားရှိပါကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်ကိုလည်း ဖွဲ့စည်းပြီး မသန်စွမ်းသူများကိုယ်တိုင် ပါဝင်ဆောင်ရွက်နေပါကြောင်း၊ မဟာဗျူဟာ ၅ နှစ်စီမံကိန်း(၂၀၂၂-၂၀၂၇)ချမှတ်ပြီး အကောင် အထည်ဖေါ်လျှက်ရှိပါကြောင်း၊၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင်မသန်စွမ်းသူ ၅.၉၆၈ သန်းခန့်ရှိပါကြောင်း၊ မသန်စွမ်းသူများအတွက် မွေးရာပါလူ့အခွင့်အရေးများ၊ ခွဲခြား ဆက်ဆံမှုမရှိစေရေး၊ အတားအဆီးကင်းမဲ့သော ပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရေး၊  ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး များအတွက် အကောင်အထည်ဖေါ် ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ဒီကျောင်းမှာ ပြည်သူ့စစ်မှုထမ်း (၂) နှစ် တာဝန်ပြီးမြှောက်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး အတွက်လည်း လက်ခံသင်ကြားပေးသွားမှာဖြစ်ပါကြောင်း၊  နိုင်ငံတော်သမ္မတကြီးမှ အသက်မွေးဝမ်းကျောင်း ပညာများ သင်ကြားရေးကို အားပေးလျှက် ရှိပါကြောင်း၊ ယခုသင်တန်းမှာ မသန်စွမ်းသူများအတွက်သီးသန့် အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် စက်ချုပ်၊ ဆံသ၊ တံဆိပ်ရိုက်၊ ကွန်ပျူတာ၊ အီလက်ထရောနစ် ဘာသာရပ်များကို စိတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုများနှင့်အတူ နိုင်ငံတော်စရိတ်ဖြင့် လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါကြောင်း၊ အသက်မွေးနိုင်သည်ထိ တတ်မြောက်အောင်ကြိုးစားသင်ယူကြရန်လမ်းညွှန်မှာကြားခဲ့ပါသည်။

 

          ဆက်လက်၍ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာသို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်က လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်တင်ပြပြီး ကျောင်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးက မသန်စွမ်းမှုပြင်းထန်ပြီး နာတာရှည်ရောဂါများရှိသော ကလေးများကို ၂၄ နာရီ ပြုစုစောင့်ရှောက်မှု ပေးနေရသဖြင့် ဝန်ထမ်းများကို ကျေးဇူးတင်ရှိပါကြောင်း၊ ထိခိုက်လွယ်သူများ ဖြစ်သဖြင့် စနစ်တကျ ပြုစုစောင့်ရှောက်ရန်လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။ ထိုနောက် မသန်စွမ်းသက်ငယ် ကျောင်းတွင် ဖွင့်လှစ်နေသည့် မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေး Level 1သင်တန်းသို့ သွားရောက်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ ၃၅ ဦးနှင့် တာဝန်ရှိသူများအား တွေ့ဆုံ အမှာစကား ပြောကြားရာ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေအရ မသန်စွမ်းပုဂ္ဂလိ ပညာသင်အထူးကျောင်း၊ ပုဂ္ဂလိက အသက်မွေးမှုအထူးသင်တန်းကျောင်းနှင့် ပုဂ္ဂလိကပြန်လည်ထူထောင်ရေးဌာနများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တည်ထောင်ဖွင့်လှစ် ခွင့်ပြုထားပါကြောင်း၊ ခွင့်ပြုချက်မရှိဘဲဖွင့်လှစ်ပါက ဉပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းကလေးများသည် အထူးဂရုပြုပြီး စနစ်တကျ ပြုစုစောင့်ရှောက် ရမည့်သူများဖြစ်သဖြင့် စနစ်တကျပြုစုစောင့်ရှောက်နိုင်ရန် သင်ကြားပေးနေခြင်း ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများကို လူသားချင်းစာနာသော စိတ်ထားဖြင့် စေတနာ၊ ဝါသနာ၊ အသိပညာ၊ အတတ်ပညာများဖြင့် ပြုစုစောင့်ရှောက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR