ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ လုပ်ငန်းကော်မတီတစ်ခုဖြစ်သော လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်းုပ်ငန်းမျာဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွှဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

          အစည်းအဝေးသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် အသက်မွေးဝမ်ကျောင်းုပ်ငန်းမျာဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ဉက္ကဋ္ဌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ဒုတိယဉက္ကဋ္ဌ-၁ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဒုတိယဉက္ကဋ္ဌ-၂ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးနှင့် အသက်မွေးဝမ်ကျောင်းုပ်ငန်းမျာဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ ဉက္ကဋ္ဌက  ပြည်တွင်း တိုက်ပွဲတွေ၊ လူမှုရေး ပဋိပက္ခတွေဟာ နိုင်ငံတွင်းမှာ မည်သို့သော အကြောင်းမျိုးနဲ့ ဖြစ်ပွားသည်ဖြစ်စေ ဒေသတွင်းနေထိုင် သူများသည် ၎င်းတို့ရဲ့ နေရပ်ဒေသ၊ အိုးအိမ်စည်းစိမ်များကိုစွန့်ခွာပြီး ပိုမိုလုံခြုံသည်ဟု ယူဆသည့်နေရာ များသို့ တိမ်းရှောင်ခဲ့ကြပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကယ်ဆယ်ရေးပစ္စည်းများနဲ့ စားနပ်ရိက္ခာဖိုးများအပါအဝင် ထောက်ပံ့မှုများအား ထောက်ပံ့ပေးလျက်ရှိကြောင်း၊  IDP စခန်းများ၌ ခေတ္တနေထိုင်ရစဉ် အကျိုးမဲ့ မဖြစ်စေရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာများသင်ကြားပေးခြင်း၊ လူမှုသဟဇာတ (Social Harmony) လူမှုရေးပေါင်းစည်းမှု (Social Cohesion) တို့အား အလေးထားပြီး စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးမှုနှင့် နှစ်သိမ့်ဆွေးနွေးခြင်း၊ IDP စခန်းများတွင် နေထိုင်စဉ်ကာလများ၌ လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင် နိုင်ရေးနဲ့ အခြေခံဝန်ဆောင်မှုများ ရရှိစေရေး ကိစ္စရပ်များအား အထူးအလေးထား ဆောင်ရွက်ပေးခြင်း တို့ကို  သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများနဲ့လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အချိန်ထိ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှ နေရပ်ပြန်များအတွက် ဆန်ရိက္ခာ()လစာ၊ ပြောင်းရွှေ့စရိတ်ကယ်ဆယ်ရေးပစ္စည်း နှင့် တာပေါ်လင်စများ စုစုပေါင်းတန်ဖိုးငွေ ကျပ်သန်း(၅၀)ကျော် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ ထို့အတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အချိန်ထိ  IDP စခန်းများ နှင့် တိုက်ပွဲရှောင်စခန်းများ၌ လက်ရှိ နေထိုင်သူများအတွက်လည်း ဆန်ရိက္ခာဖိုး ငွေကျပ်သန်း(၂၄၀၀)ကျော် ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ပြန်လည်နေရာချထားမည့် နေရာများတွင် မည်သို့ဆောင်ရွက်ရမည်၊ မည်သို့ဆောင်ရွက်သင့်သည်ကို ဆွေးနွေးပေးစေလိုကြောင်း၊ နေရပ်စွန့်ခွာသူများအတွက် နေအိမ်နဲ့ လတ်တလောစားဝတ်နေရေးအပြင် ရေရှည်တည်တံ့သော ပြန်လည်နေရာချားမှဖြစ်စေရန် ဆောင်ရွက်ရမည့်လုပ်ငန်းများအား စဉ်းစား အကြံပြုပေးစေလိုကြောင်း၊  လုပ်ငန်းကော်မတီဝင်များ ဦးဆောင်သည့် ဦးစီးဌာနများအနေဖြင့် ပြည်နယ်အဆင့်မှ ျိတ်ဆက်ဆောင်ရွက်နိုင်မည့် အခြေအနေများကို  ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ဒုတိယဉက္ကဋ္ဌ-၁ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက မိမိတို့ကော်မတီအနေဖြင့် တိုက်ပွဲရှောင်များ၊ ဒုက္ခရောက်နေသူများ၊ အခက်အခဲတွေ့နေသူ များကို ကူညီရန်ဖြစ်ကြောင်း၊ ဦးစီးဌာနများအနေဖြင့် လုပ်ငန်းကော်မတီအတွက် ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ လယ်ယာမြေများစနစ်တကျ ဖော်ထုတ်ပေးရန်လည်း အရေးကြီးကြောင်း၊ လုပ်ငန်းကော်မတီတွင် ထပ်မံလိုအပ်သော ဦးစီးဌာနများ ထည့်သွင်းရမည်ဖြစ်ကြောင်း၊ အသက်အရွယ် အလိုက်၊ နေရာဒေသအလိုက် အစီအမံများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား လုပ်ဆောင် နိုင်မည့် အခြေအေနများအား တင်ပြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          လုပ်ငန်းကော်မတီ ဒုတိယဉက္ကဋ္ဌ- တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားရာတွင် မိမိတို့လုပ်ငန်းကော်မတီတွင် ပြင်ပမှ အသက်မွေး ဝမ်းကျောင်းပညာသင်ကြား ပေးလျက်ရှိသော အဖွဲ့များအား သင့်လျော်သည့်အချိန်တွင် ဖိတ်ကြားဆွေးနွေးရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် ရန်ပုံငွေလျာထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် စျေးကွက်ရှာဖွေ ပေးနိုင်ရေး ထည့်သွင်းစဉ်စားစေလိုကြောင်း၊ သုတေသနလုပ်ငန်း များနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် တက်ရောက်လာကြသော အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နေရပ်ပြန်သူများ အတွက် သာမက ပြန်လည်နေထိုင်မည့်၊ ပေါင်းစည်းမည့် ဒေသများတွင် နေထိုင်သူများ ချန်လှပ်မှု မဖြစ်​စေန်၊ လူမှုသဟဇာတ ဖြစ်စေရန် အလေးထားဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားမှုနှင့် ရှေ့ဆက်လုပ်ဆောင်မည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် တက်ရောက်လာသူများက ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR