ငလျင်ဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်း/ပြည်ပမှ အကူအညီ၊ အထောက်အပံ့များရရှိနိုင်ရေးနှင့်စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုယနေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပရာဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်း၊ကော်မတီဒုတိယဥက္ကဌ၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်၊လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေး မှူးချုပ်များနှင့်တာဝန်ရှိသူများတက်ရောက်ကြပါသည်။

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးကငလျင်ဘေးတုန့်ပြန်ဆောင်ရွက်မှုနှင့်ပြန်လည်ထူထောင်ရေးအတွက်လက်ရှိကာလအထိအလှူငွေလက်ခံရရှိမှုအခြေအနေများ၊ ငလျင်ဘေးပြန်လည်ထူ ထောင်ရေးအတွက်သုံးစွဲဆောင်ရွက်မည့်ကိစ္စရပ်များနှင့်ပြည်တွင်း/ပြည်ပမှ အကူအညီ၊ အထောက်အပံ့ရနိုင်ရေးနည်းလမ်းများကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်း ဆွေးနွေးပေးကြရန်ပြောကြားခဲ့ပါသည်။

ဆက်လက်၍စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက်နိုင်ငံတော် Budget မှရန်ပုံငွေခွင့်ပြုချက်ရရှိထားမှုအခြေအနေ၊ ၂၀၂၁ခုနှစ်မတိုင်မီကာလကပြည်တွင်း/ပြည်ပမှအကူအညီ၊အထောက်အပံ့ရရှိမှုအခြေအနေများ၊လက်ရှိကာလတွင်အကူအညီ၊အထောက်အပံ့ရနိုင်ရေးဆောင်ရွက်မည့်ကိစ္စရပ်များကိုဆွေးနွေးတင်ပြခဲ့ပါသည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ငလျင်ဘေးဖြစ်ပွားပြီးနောက်ကာလအတွင်းအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ၏ရရှိ၊သုံးစွဲ၊ လက်ကျန်အခြေအနေ၊ယခင်ကာလများတွင်ဖြစ်ပွားခဲ့သော ဘေးအန္တရာယ်များအတွက်ပြည်တွင်း/ပြည်ပမှအကူအညီ၊အထောက်အပံ့ရရှိခဲ့မှုအခြေအနေများကိုဆွေးနွေးတင်ပြပြီးတက်ရောက်လာသူများမှအကူအညီ၊အထောက်အပံ့ရရှိနိုင်ရေးဆောင်ရွက်ရမည့်နည်းလမ်းများကိုဝိုင်းဝန်းအကြံပြုဆွေးနွေးကြကာအစည်းအဝေးကိုနေ့လည် (၁၃:၃၀) အချိန်တွင်ရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR