မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ၊ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက် (၂၀၂၀-၂၀၂၄)နှင့် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ ဖွဲ့စည်းထားရှိမှု အခြေအနေ များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ မတ်လ ၁၀ ရက်

          မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ၊ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက် (၂၀၂၀-၂၀၂၄)နှင့် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဖွဲ့စည်းထားရှိမှု အခြေ အနေများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လူငယ်ရေးရာကိစ္စရပ်များသည် နိုင်ငံတော်နှင့် မိသားစုများအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်လုပ်ငန်းများဖြစ်ပါကြောင်း၊ မိသားစုများတွင် သားသမီးများသည် အနာဂတ်ဖြစ်သကဲ့သို့ လူငယ်များသည် မိမိတို့နိုင်ငံ၏ အနာဂတ်များ ဖြစ်ပါ ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် လူငယ်ရေးရာကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ရတဲ့အတွက် မွန်မြတ်တဲ့အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေနဲ့ လူငယ်ထုအင်အားမှာ နိုင်ငံတော်၏ စွမ်းအားစုများပင်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျ ဆောင်ရွက်နေတာတွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒနှင့် လူငယ်ရေးရာမူဝါဒ ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄)ကို မိတ်ဆက်ဖြန့်ချိခဲ့ပြီးဖြစ်တာ ကြောင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြရမှာ ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီအပါအဝင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်/မြို့နယ်လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေ များအပေါ် ရှေ့လုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး ကြရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးက လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရပ်နားလို့မရပါကြောင်း၊ မိမိတို့အနေဖြင့် ကလေးသူငယ်၊ လူငယ်၊အမျိုးသမီး၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုကိစ္စရပ်များကို ဆောင်ရွက်ပေးနေတဲ့ဌာနဖြစ်ပါကြောင်း၊ လူငယ်ရေးရာကိစ္စရပ်များ နှင့်ပတ်သက်လို့ ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွား ရမှာ ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

 ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်တို့က မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ၊ လူငယ်ရေးရာမူဝါဒဆိုင်ရာ မဟာဗျူဟာ စီမံချက် (၂၀၂၀-၂၀၂၄)တို့၏ ရေးဆွဲဆောင်ရွက်မှု၊ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊  မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် ပြင်ဆင်ဖွဲ့စည်းရန်အတွက် အဆိုပြုဖွဲ့စည်းမှုများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။


ထို့နောက် နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုဝန်ကြီးရုံးရှိ ဌာနခွဲများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီး ဌာနနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုခြင်း၊ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာတွင်ဖြစ်ပွားသည့် စက်လှေနစ်မြုပ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူများအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ထမ်းများစွမ်းရည်မြှင့်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR