လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၉-၆-၂၀၂၄)နေ့၊ (၁၄း၀၀)နာရီအချိန်တွင် မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပပြီး (၂၁-၆-၂၀၂၄)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မင်းဘူးခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု‌‌အဖွဲ့ ဥက္ကဌနှင့် ခရိုင်/ မြို့နယ်အဆင့်‌အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမှတ်(၂) မြို့မကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အမှတ်(၃)ရပ်ကွက် ဒေသခံပြည်သူများ၊ စုစုပေါင်း လူဦး‌ရေ (၃၀၀) ဦးခန့်ဖြင့် ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ရေဘေးဇတ်တိုက်လေ့ကျင့် ခန်းကျင်းပပြုလုပ်မှုနှင့်ပတ်သက်၍  မင်းဘူးမြို့အတွင်း ရေကြီး၊ ရေလျှံမှုများကြုံတွေ့ရပါက ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန်၊ ဇာတ်တိုက်လေ့ကျင့်မှုူသည် အမှန်တကယ် ဘေးအန္တရာယ်ကြုံတွေ့ရချိန်၌ လိုက်နာဆောင်ရွက်ရမည့်အချက်များကို သိရှိနားလည် သဘောပေါက်ပြီး ဆောင်ရွက်တတ်စေရန် လေ့ကျင့်ပေးခြင်း၊ ဘေးအန္တရာယ်များအလိုက် တုံ့ပြန်ဆောင်ရွက်ရမှုများကို သိရှိစေရန် ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့သို့ဇာတ်တိုက်လေ့ကျင့်ရာတွင် ရေပြင်အသက်ကယ်ရှာဖွေခြင်း၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ စနစ်တကျ ရွှေ့ပြောင်းကူညီဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ ရှေးဦးသူနာပြုစုခြင်းတို့ဖြင့် လေ့ကျင့် ဆောင်ရွက်ခဲ့ကြပြီး ‌‌ကယ်ဆယ်‌ရေးစခန်းသို့ ‌ပြောင်းရွှေ့လာသူများအား အားပေးနှစ်သိမ့်ခြင်း၊ မုန့်နှင့် အချိုရည်များ‌ဝေငှခြင်း၊ လက်ကမ်းစာ‌စောင်များ‌ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Source:   DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားနာ ရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပခြင်း
နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း က ငလျင်ဘေးသင့်ဝန်ထမ်းများသို့ အလှူငွေ၊ ဆန်၊ ဆီ၊ မုန့်မျိုးစုံ၊ အသုံးအဆောင် ပစ္စည်းများထောက်ပံ့ခြင်းနှင့် အားပေးစကားပြောကြားခြင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းများသို့ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက လှူဒါန်းငွေနှင့် ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း

MOS

DSW

DDM

DOR