လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပါသည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံဖြိုးတိုးတက်ရန် ဝန်ထမ်းများသည် အဓိကကျပါကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ဆိုသည့်အတိုင်း စိတ်ဓါတ်ခံယူချက်ကောင်းမွန်စွာဖြင့်  ပြည်သူကို ဝန်ဆောင်မှုပေးနိုင်သော ဝန်ထမ်းကောင်းများဖြစ်ရန်လိုအပ်ပါကြောင်း၊ ပြည်သူအတွက် အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုများပေးအပ်နိုင်ရန်မှာ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်သည် အဓိကကျသည့်အတွက် ယခုကဲ့သို့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးရခြင်းဖြစ်ပါကြောင်း၊ တစ်ဦးတစ်ယောက်ချင်းစီ၏ စိတ်ဓာတ်ကောင်းမွန်မှန်ကန်သည့် အတွေးအခေါ်မှ လက်တွေ့လုပ်ကိုင်ဆောင်ရွက်မှု၊ လက်တွေ့လုပ်ကိုင်ဆောင်ရွက်မှုမှ အလေ့အကျင့်၊ အလေ့အကျင့်မှ စွဲမြဲဆောင်ရွက်မှုအလေ့အထ၊ စွဲမြဲဆောင်ရွက်မှုအလေ့အထမှ စွမ်းဆောင်ရည်မြင့်တက်လာမှုစသည်ဖြင့် မိမိတို့၏ စွမ်းဆောင်ရည်ကို အဆင့်ဆင့်တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ စွမ်းဆောင်ရည်ဆိုရာတွင်လည်း လုပ်ငန်းဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ၊ ငွေကြေးဆိုင်ရာ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်ဆိုင်ရာစသည့် ကဏ္ဍများအလိုက် မပြတ်လေ့လာဆောင်ရွက်နေကြရန်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင်လည်း အဆိုပါကဏ္ဍများအလိုက် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ ကျွမ်းကျင်သူများ၊ ဦးစီးဌာနမှ တာဝန်ရှိသူများက ဆွေးနွေးပို့ချသွားမည်ဖြစ်၍ လေ့လာမှတ်သားကာ မိမိတို့၏ လုပ်ငန်းရပ်များအပေါ်အခြေခံ၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း၊ အချင်းချင်းအတွေ့အကြုံဖလှယ်ခြင်းတို့ဖြင့် အကျိုးရှိသည့် သင်တန်းတက်ရောက်မှု ဖြစ်စေလိုပါကြောင်း မှာကြားပါသည်။

          ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းနည်းပြများနှင့် တာဝန်ရှိသူများတက်ရောက်ကြပါသည်။ သင်တန်းကာလမှာ ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိဖြစ်ပြီး သင်တန်းသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများမှ တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး(၅၀)ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR